Professional Authors

ဆက်ထုံးများတဲ့ကြိုးနိဂုံး

မသိလို့ မေးပါရစေ
ငါက နင်မရှိရင် မဖြစ်ပါဘူးလို့
နင်ပြောရဲလောက်အောင်
နင်က ဘယ်နေရာမှာ ငါ့အတွက်
အရေးပါတယ် ထင်နေတာလဲ

မရှင်းလို့ ပြောပါရစေ
ငါက နင့်အတွက် လက်ခုတ်ထဲကရေ
ပြောရဲလောက်အောင်
ငါ့တန်ဖိုးကို နင်ဘယ်အရာနဲ့
နှိုင်းယှဉ်တာလဲ

မပြောချင်လို့ မေးပါရစေ
လမ်းခွဲစကား ပြောရင်
ငါမျက်ရည်ကျမှာစိုးလို့
အောင့်အည်းနေတာလို့
ပြောရဲလောက်အောင်
နင်က အရမ်းကြင်နာတတ်တယ်ပေါ့

ငါမေးခဲ့တာတွေအတွက်
နင်သိအောင် ပြောလိုက်မယ်
နင်မရှိလို့ မဖြစ်တာ မဟုတ်ဘူး
နင်မ၇ှိခဲ့ရင် ငါငိုလိုက်မှာ ……. ဒါပေမယ့် တစ်ရက်တည်းနဲ့ နင့်ကို မေ့နိုင်တယ်
လက်ခုတ်ထဲကရေ ဆိုတဲ့ငါမ၇ှိမှ
ရေတစ်စက်ရဲ့ တန်ဖိုးကို နင်နားလည်တတ်မယ်
ငါ့မျက်ရည် နင်ရှေ့မှာ မကျပေမယ့်
ငါ့နာကြည်းမှု မျက်ဝန်းကို နင်မြင်သွားမှာပါ

နောက်ဆုံးအနေနဲ့
နင့်ငယ်ပေါင်းတွေကြားမှာ
ငါ့ကို နင်စဖျက်တာလို့ပြောပြီ
ဂုဏ်ညာယူနေတဲ့ နင့်ကို
သနားလိုက်တာလို့ ပြောပါရစေ

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

အိုးးးးးးးးးအိုး…
စိတ်လျော့ပါဦး…လင်းရယ်…
စာသားတွေကတော့…အလန်ပဲ..ဗျာ

commentinfo By: poem.poem28 at Jan 21, 2012
Comment #2

ဒီနေ့ ဖြစ်တာကို ခုချက်ချင်း အွန်လိုင်းမှာ ရေးလိုက်လို့ ထင်တယ်
စိတ်လျော့လို့ ရဘူးဖြစ်နေတယ် ဟဲဟဲ ၀ဋ်ကျွတ်သွားပြီ

commentinfo By: linn at Jan 21, 2012
Comment #3

အိုးးးးးးးးးးးအိုး..
စိတ်လျော့ပါဗျာ…..
စာသားတွေကတော့..အလန်တွေကြီးပါပဲလားဗျာ…
အားပေးသွားပါတယ်…လင်း

commentinfo By: poem.poem28 at Jan 21, 2012
Comment #4

ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့ဗျ…
သတိထား
အရမ်းတွေ့ချင်တယ် သိလား

commentinfo By: ရွှေကြယ်မိုး at Jan 21, 2012
Comment #5

စိတ်လျော့ဗျာ

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #6

အိုးးးဟိုးး
ကျုပ်လဲအဲလိုပြောချလိုက်ချင်တာဗျာ
မပြောတတ်ဘူးး
အားပေးသွားတယ်ဗျ

commentinfo By: sharon myorr myor at Jan 22, 2012
Comment #7

good
better
best
mike de,,pyaw pyit like,,linn.
a yan lae sar de kwar,,
ei lay ka e lo pyaw phoe ma pyaw ne,,sin taung ma sin sar mi bu,,
he,,he,,
thu ko a mye a shone pay htar tar so dot,,he,,he,,

commentinfo By: ei lay at Jan 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment