Professional Authors

ဒီလိုနေ့ တွေဆို……

လွမ်းလို့ တော့ မသေလောက်ပေမယ့်

နင်မရှိတဲ့ နေ့ တွေမှာ…

အသက်ရှူရတာတောင်..အဓိပ္မာယ်မဲ့ နေသလို.

ခန္စာမရှိတဲ့ ဝိညာဉ်လိပ်ပြာလို…

ငါ့မှာ..ယောင်ချာချာနဲ့ …။

ရှငိသန်ခြင်းအတွက် အဓိကမကျဘူးဆိုပေမယ့်..

နင်မရှိတဲ့ နေ့ တွေမှာ….

နိစ္စဓူဝလုပ်နေကျ အသေးအမွားလေးတွေတောင်.

ငါ့မှာ ချွတ်ယွင်းလွဲချော်လို့ ….။

နေပူပူ..မိုးရွာရွာ..

ဘယ်ရာသီမှာမှ မမှုခဲ့ လည်း…

နင်မရှိတဲ့ နေ့ တွေမှာ…..

အဖြေရှာမရတဲ့ ရောဂါတွေနဲ့ ..

ဖျားချငိသလို …နာချငိသလို…

ငါ့မှာ…ခန္စာကိုယ်အစိတ်ပိုင်းတစ်ခုခုပဲ…ကျပျောက်ဆုံးသွားသလို…..။

ိနင်မရှိရင် မရှင်သန်နှိုင်ဘူးလို့ …

ပိုပိုသာသာမပြောလိုပေမယ့်…..

ဒီလိုနေ့ မျိုးတွေကို….

ကျော်လွားရင်ဆိုင်နိုင်ဖို့ ….သတ္တိအင်အားတွေ…

 

ငါ့မှာမရှိနိုင်သေးသမျှတော့……။..?

In: ကဗျာ Posted By: Date: Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment