Professional Authors

ဝန်ခံချက်များစွာ

နင့်ရဲ့အချစ်ဆုံးဖြစ်ရဖို့
အတ္တတစ်ခုအရင်းပြုရင်း
အစဉ်တစိုက် ငါ ဂရုစိုက်ခဲ့တာ မဟုတ်ပါဘူး………..
ငါ့ရဲ့အချစ်ဆုံး နင်ဖြစ်နေလို့
အမြဲလိုလို လေးနက်
အရိပ်တကြည့်ကြည့်နဲ့ နင့်ကို ကြင်နာချင်ခဲ့တာပါ……….။

ပေါ်ပေါက်လာတဲ့ အလွမ်း
ခံနိုင်ရည်မဲ့ရင်း
လူသိ သူသိ ငါငိုခဲ့တာမဟုတ်ပါဘူး……..။
နင့်ကို မလွမ်းရရင်
ငါမဟုတ်တော့ သလို လိပ်ပြာမလုံမိလို့
မျက်ရည်ကို အဖော်ပြု……..
နင့်ကို ပဲ အချိန်ရှိသရွေ့ လွမ်းချင်တိုင်းလွမ်းနေခဲ့တာပါ……….။

ငါအထီးကျန်မှာ စိုးရိမ်လို့
မထားခဲ့ဖို့
အမိန့်ပေးခဲ့တာ မဟုတ်ရပါဘူး…….
နင်မရှိရင် ငါဆိုတာ မ တည်နိုင်လို့
ခံစားချက်တွေ ငဲ့ရင်း
ခွဲမသွားဖို့ တောင်းဆိုခဲ့တာပါ……..။

နင်နဲ့အတူနေရဖို့ ရည်ရွယ်
နင့်အနားက မခွာချင်
နင့်ရင်ခွင်ကို ခိုဝင်ရဖို့……ငါလောဘတွေ ကြီးခဲ့တာ မဟုတ်ပါဘူး……..။
နင်မရှိရင် မဖြစ်တော့လို့
ငါ့နှလုံးသားကို ဦးစားပေး…..
နင့်ရဲ့ဘေးမှာ အချိန်ရှိတိုင်း……ငါ ပေးဆပ်ချင်ခဲ့တာပါ…….။

In: ကဗျာ Posted By: Date: Mar 14, 2011
Comment #1

နင့်ကို မလွမ်းရရင်
ငါမဟုတ်တော့ သလို လိပ်ပြာမလုံမိလို့
မျက်ရည်ကို အဖော်ပြု……..
နင့်ကို ပဲ အချိန်ရှိသရွေ့ လွမ်းချင်တိုင်းလွမ်းနေခဲ့တာပါ……….။

commentinfo By: genius.jinx28 at Mar 14, 2011
Comment #2

နင့်ရဲ့အချစ်ဆုံးဖြစ်ရဖို့
အတ္တတစ်ခုအရင်းပြုရင်း
အစဉ်တစိုက် ငါ ဂရုစိုက်ခဲ့တာ မဟုတ်ပါဘူး………..
ငါ့ရဲ့အချစ်ဆုံး နင်ဖြစ်နေလို့
အမြဲလိုလို လေးနက်
အရိပ်တကြည့်ကြည့်နဲ့ နင့်ကို ကြင်နာချင်ခဲ့တာပါ……….။……..
So Touching this word
I have same Feeling …….Can U accept it……..friend Kay….?

commentinfo By: Ku Kuu at Mar 14, 2011
Comment #3

ku kuu
nin le’ tuu tar pe’
1 kal………..:)

commentinfo By: ကေသရီ at Mar 15, 2011
Comment #4

ku kuu
nin le’ Yuu tar pe’
1 kal………..:)

commentinfo By: ကေသရီ at Mar 15, 2011
Comment #5

ငါအထီးကျန်မှာ စိုးရိမ်လို့
မထားခဲ့ဖို့
အမိန့်ပေးခဲ့တာ မဟုတ်ရပါဘူး…….
နင်မရှိရင် ငါဆိုတာ မ တည်နိုင်လို့
ခံစားချက်တွေ ငဲ့ရင်း
ခွဲမသွားဖို့ တောင်းဆိုခဲ့တာပါ……..။
အရမ်းကောင်းပါတယ်

commentinfo By: myintmo at Apr 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment