Professional Authors

တောင်းပန်လွှာ

ငါ…..မေ့ထားခဲ့ပါတယ်
 နင်..ငါ့ကိုမလိုချင်တော့ဘူး..
 ငါ…..မကောင်းဘူး….မဆက်သွယ်ရဘူး…
 ……….ဆိုတဲ့ဆိုတဲ့ အမိန့်တွေ….အခါးတွေ..
မျိုချထားခဲ့တယ်…..

နင့်ကိုnickတွေ့ယုံတောင်
ငါ့ရင်..ငါမနိုင်လို့
နင့်အလိုကျနေပေးနေတဲ့..
ငါ့ပတ်ဝန်းကျင်မှာ……
ဖြတ်သန်းသွားလာခြင်း…..ဂရုစိုက်ပေးပါ

နင့်ကိုမေ့အောင်ကြိုးစားနေရက်နဲ့
တိုးလို့တိုးလို့..သတိရတဲ့စိတ်ကို
ထိန်းချုပ်နိုင်ဖို့……ငါ့ကို…နည်းလမ်းပေးစေချင်တယ်

နင့်ကိုမတွေ့အောင်..ပုန်းရှောင်နေလဲ…
အိပ်မက်တွေထိ…ပိုင်စိုးထားတဲ့နင့်ကို
………………………
ငါ…မလွမ်း..ခက်တာမို့..
မအိပ်ပဲ..နေသွားလို့ရမဲ့
ဆေးလေးတခွက်လောက်..ရချင်တယ်

နင်မရှိတဲ့ဒေသမှာ…ငါနေချင်ပေမယ့်
ငါ့ရင်ထဲမှာ…နင်ကျန်နေတော့….
တဆိတ်..
.ခွင့်လွှတ်ပေးပါ…..
…..အမိန့်လွန်ဆန်မှုနဲ့……..

နင်ရှိခဲ့အတိတ်နဲ့…..နင်မရှိခဲ့တဲ့အခုချိန်လည်း
ဘာမှ…မထူးခြားသေးတာမို့……
ယခုအချိန်နဲ့…
နောင်…လာသော
အကြိမ်များစွာအတွက်…….
လွမ်းတဲ့စိတ်တွေ…ရိုက်ချိုးနိုင်ဖို့
…..
ငါ့ဖန်ဆင်းရှင်…နင်ကပဲ……
ဘယ်တုန်းကမှမသိခဲ့တဲ့ အတိတ်တခုဆီသို့
ငါ့ကို ပို့ဆောင်ပေးပါ………

မနက်ဖြန်တွေ….ငါကြောက်တယ်

In: ကဗျာ Posted By: Date: Jan 21, 2011
Comment #1

အရမ်းကောင်းတယ်
အရမ်းကြိုက်တယ်

commentinfo By: honey at Jan 21, 2011
Comment #2

အသဲကွဲမိုး
ခံစားချက်နဲ့တိုက်ဆိုင်တယ်………
ငိုတောင်ငိုချင်လာပီ…………။ ။

commentinfo By: ကဗျာချစ်သူ at Jan 21, 2011
Comment #3

မမိုး ကောင်းလိုက်တာဗျာ… ခံစားချက်တွေက

commentinfo By: genius.jinx28 at Jan 21, 2011
Comment #4

ပစ္စပ္ပုန်မှာကောင်းအောင်နေရင်
မနက်ဖြန်ဆိုတာတွေ……လှပသွားမှာပါ

ကဗျာလေးကော….စိတ်ကူးလေးကော
အရမ်းကောင်းတယ်……:)

commentinfo By: moehtetaung18 at Jan 21, 2011
Comment #5

ကျေးဇူး..တပုံကြီးတင်တယ်

commentinfo By: အသဲကွဲမိုး at Jan 22, 2011
Comment #6

နင့်ကိုမေ့အောင်ကြိုးစားနေရက်နဲ့
တိုးလို့တိုးလို့..သတိရတဲ့စိတ်ကို
ထိန်းချုပ်နိုင်ဖို့……ငါ့ကို…နည်းလမ်းပေးစေချင်တယ်

နင့်ကိုမတွေ့အောင်..ပုန်းရှောင်နေလဲ…
အိပ်မက်တွေထိ…ပိုင်စိုးထားတဲ့နင့်ကို
………………………
ငါ…မလွမ်း..ခက်တာမို့..
မအိပ်ပဲ..နေသွားလို့ရမဲ့
ဆေးလေးတခွက်လောက်..ရချင်တယ်

နင်မရှိတဲ့ဒေသမှာ…ငါနေချင်ပေမယ့်
ငါ့ရင်ထဲမှာ…နင်ကျန်နေတော့….
တဆိတ်..
.ခွင့်လွှတ်ပေးပါ…..
…..အမိန့်လွန်ဆန်မှုနဲ့……..

နင်ရှိခဲ့အတိတ်နဲ့…..နင်မရှိခဲ့တဲ့အခုချိန်လည်း
ဘာမှ…မထူးခြားသေးတာမို့……
ယခုအချိန်နဲ့…
နောင်…လာသော
အကြိမ်များစွာအတွက်…….
လွမ်းတဲ့စိတ်တွေ…ရိုက်ချိုးနိုင်ဖို့….

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment