Professional Authors

စိတ်မကောက်တတ်တဲ့ ပါးချိုင့်လေး

“ စိတ်မကောက်တတ်တဲ့ ပါးချိုင့်လေး ”

ပွင့်အံ့နိုးနိုးနဲ့
ကိုယ် ခိုးပြီး စောင့်နေတဲ့ ပါးချိုင့်လေးရေ
ကမ္ဘာရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း
မင်းအပြုံးတစ်ချက်ကို ကိုယ် လွမ်းတတ်နေပြီ

မဖြစ်နိုင်မှန်း သိသိကြီးနဲ့
ချစ်သူ့ အသံလေးကို ဝှက်ထားဆဲ
ကိုယ့် ကိုယ်ရံတော် အတ္တတွေ
စိတ်မကောက်တတ်တဲ့ ရယ်သံတစ်ပွင့်ထဲ ပြုတ်ကျ
ကြည်နူးမှုဟာ လှလှပပ မွေးဖွားခဲ့ပေါ့

လူပြောသူပြောများနေတဲ့ ပန်းသီးလေး တစ်ကိုက် ထက်
သဝန်တိုသံ စိတ်မချသံလေးတွေကိုပဲ ကိုယ် ဆာတာပေါ့
ရန်မိုး တဖြိုက်ဖြိုက်မှာ ပူအိုက်နေရှာမဲ့ နှုတ်ခမ်းလေးအတွက်ပဲ
ပန်းသွေးရောင်လေး လျော့ရဲသွားမှာ စိုးရိမ်တယ်

စကားလုံးပုံတူလေး ကင်းဗတ်စ်ပေါ် ဖြန့်ဖြန့်ပြီး
သူ့ အကြည့်တစ်ဝက်ကို ကိုယ် လွမ်းငေးရေးဆွဲ
အလင်းနဲ့ အမှောင်ကို မျက်ခုံးပေါ် တင်ကြည့်တော့
ကိုယ့် မီးတောက် ဆည်းဆာလေး ဖျားသွားတယ်

တကယ်တော့ ချစ်သူက
အများသူငါထက် မပိုတဲ့ ကောင်မလေး တစ်ယောက်
ကိုယ့် နံရိုးနဲ့ ယက်ဖောက်တဲ့ နတ်ဖုရားရုပ်လေးဖြစ်နေတာကလွဲလို

ရင်ဘတ်ထဲက နာရီစင်လေးက သူမပေါ့
သူမကို ကြည့်ပြီး မင်္ဂလာ နံနက်ခင်းပါလို့ ကိုယ် နှုတ်ဆက်တယ်
ကောင်းသောညပါလို့ သူမကို နှုတ်ဆက်ပြီး ကိုယ် အိပ်ရာဝင်တယ်
ကိုယ့်တစ်နေ့တာဟာ ရိုးရိုးရှင်းရှင်းနဲ့ ပြည့်စုံလွန်းခဲ့ပြီ

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 26, 2014
Comment #1

ရင်ဘတ်ထဲက နာရီစင်လေးက သူမပေါ့
သူမကို ကြည့်ပြီး မင်္ဂလာ နံနက်ခင်းပါလို့ ကိုယ် နှုတ်ဆက်တယ်
ကောင်းသောညပါလို့ သူမကို နှုတ်ဆက်ပြီး ကိုယ် အိပ်ရာဝင်တယ်
ကိုယ့်တစ်နေ့တာဟာ ရိုးရိုးရှင်းရှင်းနဲ့ ပြည့်စုံလွန်းခဲ့ပြီ

commentinfo By: aw aw at Jan 26, 2014
Comment #2

Great

commentinfo By: pho san at Jan 28, 2014
Comment #3

အရမ်းမိုက်တယ်

commentinfo By: ei lay at Jan 29, 2014
Comment #4

အားပေးသွားတဲ့ aw aw , pho san , ei lay .. အားလုံးကို ကျေးဇူးတင်ပါတယ်။

ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Jan 29, 2014
Comment #5

ဒါသေချာတယ် ချီရွန်ဆိုတာ ^_^

commentinfo By: Than Yaw Zin at Feb 4, 2014
Comment #6

ဟုတ်ကဲ့ ကျွန်တော် ချီရွန်ပါ သံယောဇဉ် 😛

commentinfo By: ChIr0N at Feb 4, 2014
Comment #7

လူပြောသူပြောများနေတဲ့ ပန်းသီးလေး တစ်ကိုက် ထက်
သဝန်တိုသံ စိတ်မချသံလေးတွေကိုပဲ ကိုယ် ဆာတာပေါ့
ရန်မိုး တဖြိုက်ဖြိုက်မှာ ပူအိုက်နေရှာမဲ့ နှုတ်ခမ်းလေးအတွက်ပဲ
ပန်းသွေးရောင်လေး လျော့ရဲသွားမှာ စိုးရိမ်တယ်……
လိုတဲ့ နေ ရာ အေ ရာက် သယ်ဘို့ …၀ိ ညဉ် ကို မြှုတ်လိုက် နိုင်တယ်….Very nice.

commentinfo By: သျှင် ငြိမ်း ချမ်း at Feb 5, 2014
Comment #8

ချစ်သူအတွက် ရေးထားတာမို့ လိုရင်းရောက်သွားတယ် ထင်ပါရဲ့ သျှင်ငြိမ်းချမ်း ခင်ဗျာ။ အားပေးသွားတာ ကျေးဇူးတင်ပါတယ်။ ( ဘာမှမဟုတ်ဘူး ပလိန်းကြီး ကြော်ငြာလာဝင်တာ ) 😛

commentinfo By: ChIr0N at Feb 6, 2014
Comment #9

တကယ်တော့ ချစ်သူက
အများသူငါထက် မပိုတဲ့ ကောင်မလေး တစ်ယောက်
ကိုယ့် နံရိုးနဲ့ ယက်ဖောက်တဲ့ နတ်ဖုရားရုပ်လေးဖြစ်နေတာကလွဲလို့

ကြိုက်တယ်ဗျာ အားပေးနေပါတယ်

commentinfo By: Demon at Feb 7, 2014
Comment #10

Feel again

commentinfo By: ei lay at Feb 8, 2014
Comment #11

ကောင်းပါတယ်၇ှင့် ^^

commentinfo By: Pon yate at Mar 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment