Professional Authors

ချစ်သူ့ ရယ်သံ

ချစ်သူ့ ရယ်သံ

နင်ရှေ့ရောက်ရင်…
ဘယ်လိုက ဘယ်လိုမသိအောင်
ငါက အလိုလိုနေရင်း ရိုးသားသွားရတာပါလို့
ကျွန်တော်က ပြောတော့…
ချစ်သူက ရယ်တယ်…၊၊

ငါ့မှာအစစ်အမှန်ပိုင်ဆိုင်စရာဆိုလို့
နင့်မျက်နှာပေါ်က အပြု့းကလေးပဲရှိပါတယ်…

ကျေဇူးပြုပြီး အမြဲတမ်းပြုံးထားစမ်းပါ…လို့
ကျွန်တော်က ပြောတော့…
ချစ်သူက ရယ်တယ်…၊၊

ငါက နင့်ကိုဗဟိုပြုပြီး
တစ်လောကလုံးကို တည်ဆောက်ထားခဲ့တာ…
နင်ထွက်သွားမယ်ဆိုရင်…
ငါက တစ်ချက်တည်းနဲ့ သုညတစ်လုံး လုံးလုံးဖြစ်သွားတော့မှာ…လို့
ကျွန်တော်က ပြောတော့…
ချစ်သူက ရယ်တယ်…၊၊

ငါ့ကို နောက်ထပ်အချိန်သုံးနှစ်ထပ်ပေးပါ
နောက်တစ်ခါ..
နင်ဒီလိုမဖြစ်စေရတော့ပါဘူး..လို
ကျွန်တော်က ပြောတော့…
ချစ်သူက ရယ်တယ်…၊၊

ခုတော့လည်း….
သူမရယ်သံလေးတွေကိုပဲ
စံပယ်ပွင့်တွေလို
ကျွန်တော့်မှာ သီကုံးနေမိတော့တယ်….၊၊ ၊၊

In: ကဗျာ Posted By: Date: Nov 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment