Professional Authors

လွမ်းအိမ်ဖွဲ့ရင်ခွင်ငယ်

လွမ်းအိမ်ဖွဲ့ရင်ခွင်ငယ်

ချစ်သူက
အက်ကွဲနေတဲ့ညကောင်းကင်ကြီးကို
တစ်ကြိမ်တစ်ခါလောက်တော့
နွေးထွေးတဲ့မြေပြင်နဲ့ ထိတွေ့ဖူးစေချင်ရဲ့။

ချစ်သူက
အထီးကျန်တိတ်ဆိတ်မှုတွေနဲ့
နေသားကျနေတဲ့ပင်လယ်ပြင်ကြီးကိုလည်း
စိမ်းလန်းတဲ့ဝေဒနာတွေနဲ့
ရှင်သန်ခိုင်းစေချင်ရဲ့။

ချစ်သူက
ကြေကွဲမှုတွေကို ယူဆောင်လာတဲ့လေပြေတို့ကိုလည်း
သတိတရနဲ့ တဖွာလောက်တော ဖွာရှိုက်စေချင်ရဲ့။

ချစ်သူရယ်
ငါက ၀မ်းနည်းခြင်းတွေနဲ့ပဲ
ဆော့ကစားနေသူမို့ နင့်ကို ချစ်တဲ့ငါ့ရင်ခွင်လေးထဲက
နင်စွန့်ခွာသွားခဲ့မယ်ဆိုရင်
ကျေးဇူးပြုပြီး နင့်ရဲ့အခိုးအငွေ့လေးတောင်
မချန်ခဲ့ပါနဲ့ . . .ချစ်သူရယ်။

In: ကဗျာ Posted By: Date: Oct 10, 2010
Comment #1

bravo !

commentinfo By: ယုစံ at Nov 28, 2010
Comment #2

ကဗျာလေး ကြိုက်တယ်

commentinfo By: yelay at Oct 31, 2011
Comment #3

koh a paw d lout kaung de thu,nar le pay de thu,tan phoe htar de thu ko maung htoke like de,,
hote lar?

commentinfo By: ei lay at Oct 31, 2011
Comment #4

ချစ်သူရယ်
ငါက ၀မ်းနည်းခြင်းတွေနဲ့ပဲ
ဆော့ကစားနေသူမို့ နင့်ကို ချစ်တဲ့ငါ့ရင်ခွင်လေးထဲက
နင်စွန့်ခွာသွားခဲ့မယ်ဆိုရင်
ကျေးဇူးပြုပြီး နင့်ရဲ့အခိုးအငွေ့လေးတောင်
မချန်ခဲ့ပါနဲ့ . . .ချစ်သူရယ်။

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #5

huh,,,,,,,,,,,

commentinfo By: ei lay at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment