Professional Authors

ခင်မင်ခွင့်

မေးလည်းပြန်မထူး
ခေါ်လည်း လှည့်မကြည့်
အိနြေ္ဒကြီး တခွဲသားနဲ့
ကျွန်တော့်ရှေ့က
မမ ဆိုသော ကောင်မလေး
ကောင်မလေးဆိုသော သူမကို
ခင်မင်ခွင့်လေးရချင်ရဲ့……………..
နာမည်နဲ့လိပ်စာ
ဖုန်းနံပါတ်လေး
သိခွင့်မရခဲ့ရင်တောင်
ခင်မင်ခွင့်လေးတော့ ပေးခဲ့ပါ…………..
ကောင်မလေး……………
တကယ်ပဲ လှည့်မကြည့်တော့ဘူးလား
အဲဒါဆို ရူးသွားမလားပဲ
မျက်လုံးစူးစူးလေးနဲ့
ရင်ထဲကို မူးသွားအောင်
မျက်စောင်းလေးနဲ့ ကူးခတ်လာတဲ့
မင်းရဲ့အကြည့်စူးလေးအောက်မှာ
ငါမူးသွားခဲ့တယ်……………
နတ်ဝင်ပူးသွားသလား
လူးလိမ့်နေအောင် ရင်ထဲမှာ
ခင်မင်ဖို့ ရူးနေတာ
တူးတူးခါးခါး ငြင်းမယ်ဆိုရင်တော့
ကောင်မလေး………
ကိုယ့်ကို တခါတည်းသာ
သတ်သွားပါလား………

……………….မြူမင်းသွင်

In: ကဗျာ Posted By: Date: Aug 3, 2010
Comment #1

ကဗျာလေးတွေမျှဝေရအောင်

commentinfo By: Ak at Nov 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment