Professional Authors

ကြယ်တစ်ပွင်ကို တောင့်တခြင်း

စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ
မင်းအချစ်တွေ မဟုတ်ဘဲ
ဆူးတစ်ချောင်းသာဆိုရင်တော့
အသည်းမှာ ဒဏ်ရာကျန်ခဲ့စေဦး
နုတ်ပစ်မိမှာ အမှန်ပါ
အဲံဒီအတွက် ခံစားချက်မဲ့စွာ။

စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက်
မင်းသိအောင် ပြောဖို့ ခက်ခဲရင်း
မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ
ခုတော့ ဒဏ်ရာများစွာ။

ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ
တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်ကို
ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ
မေ့ပစ်လိုက်ဖို့ ပြောရအောင်
အဲဒါက အိပ်မက်မှ မဟုတ်တာ။

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

မမေ့ပစ်လိုက်ပါနဲ့..အိမ်မက်မှမဟုတ်တာ…

commentinfo By: Ema Yar at Jun 18, 2010
Comment #2

မင်းအချစ်သာမှန်ခဲ့ရင်
ငါ့ရင်မှာစူးနစ်
ဆူးဖြစ်ချင်ဖြစ်နေပါစေ
ငါမနှုတ်မပစ်ရက်ပါဘူး။
ဖြစ်တည်ခဲ့သောအချစ်ကြောင့်
ရထားတဲ့ဒါဏ်ရာများစွာ
မေ့လိုက်ပါဆိုတာလေးနဲ့
ပျောက်မသွားတာ
အရမ်းကိုသေချာပါတယ်။
ချစ်ခြင်းကိုရူးသွတ်တယ်ထင်ရင်
စွတ်စွဲသူသာအရူးဖြစ်မယ်ထင်ပါတယ်နောှ်

Comment #3

ဟုတ်တယ်နော် အိမ်မက်မဟုတ်တာကို ဘယ်လိုမေ့ရမလဲ……………….

commentinfo By: သူသူ at Jul 3, 2010
Comment #4

thak u very much,same my feeling.

commentinfo By: khin kalyar moe at Jul 3, 2010
Comment #5

mhann par tal… 8mat mha ma hote tar..bae lo may. ya mhar lae…

commentinfo By: tomatoes at Jul 31, 2010
Comment #6

လုံးဝမိုက်တယ် ~~

commentinfo By: X - ray at Feb 12, 2012
Comment #7

excellent creation

commentinfo By: ei lay at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment