Professional Authors

“ ကြယ်ကလေးရဲ့ အိမ်မက် ”

ဒီ ယုန်ကလေးကို
ဘယ်တော့များမှ မြင့်ခွင့်ရမှာလဲ
စဉ်းစားလိုက်ရတာ… မောတယ် ။

ဘယ်ဘက်က လ၀န်းမှာမှ
ပွင့်ခဲ့တဲ့ ပန်းကို
ဘာကြောင့်များ လှမ်းမိပါလိမ့်…
နှစ်သိမ့်ရတာလည်း ခက်တယ် ။

ဝိုးတ၀ါး အလင်းက
မသိခြင်းတွေကို တွေတွေလေးငေး
သေသေချာချာ မေးပါမှ
အာဏာဖီဆန်မှုကို ကြောက်တယ်တဲ့ ။

အဲ့ဒီ့ သီအိုရီကိုမသိဘူး…
ပြဿနာက… ဒီပုစ္ဆာကို
ကြယ်တစ်ပွင့်ရဲ့ ရင်ထဲ
ဘယ်သူလာထည့် သွားပါသလဲ ။

ကြယ်ကလေးရဲ့ ရင်ထဲမှာ…
မျှော်လင့်ခြင်းရယ်၊
တောင့်တခြင်းရယ်…
ပြည့်ကျပ်နေပုံများ…
ကြွေကျသွားမှာတောင်စိုးရတယ်… ။

ပိုင်ဆိုင်မှုဆိုတာ…
အလိုဆန္ဒက စခဲ့တယ်သာဆို
ကြယ်တစ်ပွင့်ရဲ့ အလင်းနဲ့
တစ်ကမ္ဘာလုံးကို ခင်းပြချင်ပါတယ် ။

ထင်သာမြင်သာ မရှိရင်လည်း
ရင်ထဲကလိုအင်စွမ်းကြောင့်
ယုန်တစ်ကောင့်ရဲ့ ရင်ခွင်တစ်ခုစာမှာတော့
ရိုးရိုးလေး သာပါရစေ ။

တကယ်ဆို… ကျွန်တော်ဟာ
မိုးအမြင့်မှာ ပျော်တဲ့
လစန္ဒာထဲက ဖိုးရွှေယုန်လေးကို
တွေတွေလေးငေးနေချင်တဲ့
အနားမညီ ကြယ်…

ကြယ်စစ်သည်

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

အားပေးသွားပါတယ်

commentinfo By: yaewintaung at Oct 10, 2011
Comment #2

တကယ်ဆို… ကျွန်တော်ဟာ
မိုးအမြင့်မှာ ပျော်တဲ့
လစန္ဒာထဲက ဖိုးရွှေယုန်လေးကို
တွေတွေလေးငေးနေချင်တဲ့
အနားမညီ ကြယ်…
အားပေးသွားပါတယ်

Comment #3

ဟုတ်ကျေးဇူးပါ..ခင်ဗျာ

commentinfo By: ကြယ်စစ်သည် at Oct 11, 2011
Comment #4

ဘာကြောင့်များ လှမ်းမိပါလိမ့်…
နှစ်သိမ့်ရတာလည်း ခက်တယ် ။

commentinfo By: Khinchawsu at Dec 1, 2011
Comment #5

ကဗျာလေး..ချစ်စ၇ာကောင်းတယ်..ဗျ
အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Feb 22, 2012
Comment #6

nu nyant like dar,,
chit phoe kaung like dar,,
a yan kyike like dar,,

commentinfo By: ei lay at Feb 22, 2012
Comment #7

အားပေးနေပါသည်သူငယ်ချင်ူ

commentinfo By: myo myat myat mon at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment