Professional Authors

တောင့်တခြင်း

မင်းရင်ခွင်ဆီ ပျံသန်းခဲ့ရ
ငါ့တောင်ပံတစ်စုံမှာ
ရင်ခုန်သံပြန်တမ်းတစ်ပုဒ်
အလွမ်းတွေ ပဲ့တင်မထပ်ရအောင် မျှော်လင့်ခြင်းများစွာဖြင့်…

ပြုံးလိုက်ပါ့ ချစ်သူရေ
ကြယ်တွေပြိုးပြက်တောက်ပ
သက်ရှိလောကကို အလှတရားနဲ့ ရံချင်ပါရဲ့…

ဘယ်လို အတားအဆီးကမှ
ငါ့ အိပ်မက်တွေ ပျက်ကြွေအောင်
ဆုတောင်းချိန်မရခဲ့ပါဘူး
ချစ်ဦးသူဆိုတာ ဘာသာဗေဒထက် လေးနက်တယ်လေ…

စောင့်နေပါ…
ဒါဟာ
တစ်ခန်းရပ် ပြဇာတ်မဟုတ်
ဆောင်းပါးတစ်စောင်မဟုတ်
ဇာတ်ထုပ်အသစ်တစ်ခုလဲမဟုတ်..
ငါ ဖန်ဆင်းတဲ့ အနာဂတ်လမ်းတစ်စင်းပေါ့…

ဘီလူးကြမ်းတဲ့ လမ်းကိုမှ ရွေးလျှောက်ခဲ့တဲ့လူ
မင်းခြေတစ်လှမ်းအတွက် အသူတရာချောက်ကိုတောင်
ပန်းနုရောင်တံတားထိုးပေးခဲ့ပြီးပြီလေ…

လိုအပ်ချက်တစ်ခု
မင်းရဲ့ အမှတ်တရချစ်ခြင်းအလင်္ကာ
အောက်ခြေလက်မှတ်မထိုးခင်တိုင်းမှာ
ငါ့အတွက်…
ထာဝရ ဆိုတာပါပါစေ…..

In: ကဗျာ Posted By: Date: Jan 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment