Professional Authors

မျှော်လင့်ခြင်း မိုးတိမ်နှင့် လျှပ်စီး

မျှော်လင့်ခြင်း မိုးတိမ်နှင့် လျှပ်စီး

ငါ့….မျှော်လင့်ချင်းတွေ
ဒါပေမဲ့ မိုးတိမ်တစ်ခုရဲ့ အသွင်လို
ငါ့မျက်ဝန်းထဲက မျှော်လင့်ခြင်းမိုးတိမ်
ခင်ဗျားသာ ဇလဗေဒပညာရှင်သာဆို
ရွာရန် ရွာနှူန်း ရှစ်ဆယ်လို့ မှတ်ချက်ပေမလား…….၊

အကြည့်တစ်ချက်က တစ်သိန်းမကတန်
ဒါမှမဟုတ် ကမ္ဘာကျော်မယ့် အကြည်တစ်ချက်
နောက်ခံရောင် ကြေကွဲခြင်းအပေါ်မှာ
မျှော်လင့်ခြင်း ခပ်ရေးရေးလေးချယ်
ဆုံးရှုံးခြင်းတွေကို ရှဲဒိုးထူထူဆွဲ
ဆာလောင်းခြင်းတွေကတော့ ထင်းနေပါစေ…..၊

ရွာရန် ရွာနှုန်း ရှစ်ဆယ်ကို ခဏထိမ်း
ဆို့နင့်သံတွေနှင့် အားတင်းရင်းရန်ပြန်တွေ
ခင်ဗျားကားနဲ့တက်ကျိတ်သွားတဲ့ ကျုပ်အမှိုက်အိတ်
ဟုတ်တယ် ခင်ဗျားအတွက်တော့ အမှိုက်
ဒါပေမယ့် ကျုပ်အတွက်က ထမင်းလုပ်တွေ…….
ထ……..ထ………..မင်းးးးးးးးးး
ထောင်တန်တစ်ရွက်နဲ့ငါးရာတန်တစ်ရွက်
ရုပ်တစ်ရက် လျှပ်စီးလတ်လိုက်သလို
ရက်ရောလိုက်တဲ့ လျော်ကြေး……………၊

ငါ့…မျှော်လင့်ခြင်းတွေ
ဒါပေမဲ့ လျှပ်စီးလတ်လိုက်သလို
ငါ့မျက်ဝန်းထဲက မျှော်လင့်ခြင်း လျှပ်စီး
သြော်..ခင်ဗျားသာကျုပ်နေရာမှာဆို
ကျေးဇူးတင်ပါပြောဖို့ မေ့နေဦးမလား…….၊

နေ့သစ်..၁၃.၁၂.၁၂
ကြာသပတေး

အဲဒီနေ့က အမှိုက်လိုက်ကောက်နေတဲ့ အမှိုက်ကောက်သမားတစ်ယေက်ရယ်……သူပင်ပင် ပန်းပန်းနဲ့ ရှာဖွေထားတဲ
အမှိုက်အိတ်ကို တက်ကျိတ်လိုက်မိတဲ့ ကားသမားတစ်ယောက်ရယ်းးးးဒါတွေကို မြင်လိုက်တဲ့ အနော်ရယ်

In: ကဗျာ Posted By: Date: Dec 29, 2012
Comment #1

hna lone tarr hnit khan sarr arr pay twar par de,

commentinfo By: ei lay at Dec 30, 2012
Comment #2

thanks ….ei lay and to all friends

commentinfo By: nate thit at Jan 3, 2013
Comment #3

နေ့သစ်တစ်ခု စတင်ဖွင့်လှစ်လိုက်ပြီ
(ဒီကဗျာနဲ့ပြောပါတယ်) 😛

commentinfo By: ရွှေငါး at Jan 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment