Professional Authors

အလွမ်းကို အနမ်းနဲ့ဖွင့်ဆိုခြင်း

အစကောက်ဖို့ မစခင်
မဆုံးနိုင်တဲ့ အစတွေနဲ့
မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်း
ကြက်ခြေခတ် ဆုံမိသလိုမျိုး
တယောက်ကိုတယောက် ခလုတ်တိုက်ရင်
ဒီလမ်း ဘယ်လိုဖြောင့်ဖြူးမလဲ
အစမကောက် စိတ်ကောက်သူရယ်။
အမျက်မာန် ရာဇသံ မသင့်လိုက်ပါနဲ့
သစ္စာ မတည်တာ မဟုတ်ရပါဘူး
ချစ်တာ မပီပြင်ခဲ့လေတော့
သံယောဇဉ်က အရာမဝင်
မေတ္တာ ဘယ်အရာထင်ပါမလည်း
ဆံတချည်မျှင် နှီးခဲ့ပေလည်း
ဝေးနေရတာပဲလေ။
ပြောင်းလဲလို့ မရတဲ့ ချစ်ခြင်း
လွမ်းလို့ မပြီးနိုင်တဲ့ ရင်ဘက်ကြီးနဲ့
မျော်လင့်ခြင်း ကွင်းပြင်ကြီးထက်မှာ
သူရဲကောင်းတို၏ လားရာလမ်းအတိုင်း
ဒဏ်ရာများစွာနဲ့ စီးမျောရင်း
အလွမ်းကို အနမ်းနဲ့ ဖွင့်ဆိုရင်း….။                     ။

In: ကဗျာ Posted By: Date: Sep 12, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

ဆံတချည်မျှင် နှီးခဲ့ပေလည်း
ဝေးနေရတာပဲလေ။
ပြောင်းလဲလို့ မရတဲ့ ချစ်ခြင်း
လွမ်းလို့ မပြီးနိုင်တဲ့ ရင်ဘက်ကြီးနဲ့
မျော်လင့်ခြင်း ကွင်းပြင်ကြီးထက်မှာ
သူရဲကောင်းတို၏ လားရာလမ်းအတိုင်း
ဒဏ်ရာများစွာနဲ့ စီးမျောရင်း
အလွမ်းကို အနမ်းနဲ့ ဖွင့်ဆိုရင်း….။

commentinfo By: May Kha at Sep 12, 2011
Comment #3

ကောင်းတယ်ဗျာ။အားပေးခဲ့ပါတယ်။

commentinfo By: yelaylover2010 at Sep 12, 2011
Comment #4

wow,,,,,,
wow,,,,,,,,,
mike de.

commentinfo By: ei lay at Sep 13, 2011
Comment #5

yae le mike dar.
both title & poem

commentinfo By: ei lay at Mar 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment