Professional Authors

ယှဉ်တွဲခံစားခြင်း

ကိုငှက်တော့မဟုတ်ဘူး
ဒါပေမယ့် ရင်ခွင်ပျောက်သူသီချင်းကို ညည်းချင်ရှိတယ်

စိုးလွင်လွင်တော့မဟုတ်ဘူး
ဒါပေမယ့် လူတွေ ၀ိုင်းဟားတာ ခံရတယ်

ဆင်ပေါက်ပြောသလို ငါဟာလူနုံကြီးပါ

ရဲလေးလိုတော့ ၁၀ စက္ကန့်မဟုတ်ဘူး
၁၀ ရက်လောက်တော့ အရူးထ ဖူးတယ်

Ah Boy မဟုတ်တဲ့အတွက်
 နင်မေ့လို့ရပြီလား သီချင်းကို ငါမဆိုတော့ဘူး

ဘယ်သူ့ကိုပိုချစ်မှာလဲလို့ မေးရအောင်
ငါက ကျားပေါက်မှ မဟုတ်တာ
ဒါပေမယ့် ကျေးဇူးပြုပြီး ငါ့ကို မင်းရဲ့အရင်တစ်ယောက်နဲ့ပြန် မတွဲပြပါနဲ့လို့တော့ အော်ဆိုချင်

မေစံပယ်ညိုလို ပေးဆပ်ခွင့် လို့ဆိုရအောင်
မင်းက လက်ခံဦးမှကိုး
ဒါပေမယ့် ကိုအောင်လ အရူးထသလိုမျိုး
Let me down to lift to up ဆိုတာမျိုးတော့ တကယ်ဖြစ်စေချင်ခဲ့တာပါ

လောလောဆယ်တော့
ငါ ထက်နေကြည် ဖြစ်နေတယ်ထင်တယ်

အဲဒီတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရင်း
ဆိုင်းဇီလို တိတ်တိတ်လေးပဲချစ်တော့မယ်ကွာ

ဘာလို့လဲဆိုတော့ ငါက
J me လို ကိုယ့်ဘ၀နဲ့ ကိုယ် ဖြစ်နေလို့။ ။

နှင်းဆီနက် (9th September 2011-12:23am)

In: ကဗျာ Posted By: Date: Sep 9, 2011
Comment #1

ဒါဆိုရင်လဲ Nကိုင်ရာလို အရှိကို အရှိတိုင်း ဖွင့်ပြောပြီး
ရွှေရည်ဖြိုးမောင်လို ကိုယ်ရံတော်လုပ်ပေါ့။
ဒါမှမဟုတ် ကော်နီလို နင်ဂျာဆိုလဲ မဆိုးပါဘူး။
သူက ၀ိုင်းဆုရဲ့ မှားပြီနော်လို့ ပြောနေရင်တော့
အောင်လလို တောင်းပန်ပါတယ်ပြောပြီး
အေသင်ချိုဆွေလို အစာသွတ်စကားမဟုတ်ရပါဘူးလို့……………….။
နီနီခင်ဇော်လို ရန်သူမဖြစ်ပါရစေနဲ့လို့…………………။
ချမ်းချမ်းလို တကယ်ဆိုရင် အချစ်ပဲလိုတာကို သိနိုင်ပါစေလို့ ဆုတောင်းရင်း………………

မျှော်တော်ယောင်။

Comment #2

ကဗျာနဲ့ တော့တူသလားပဲ…..
ခဏချင်းပဲ….poem FM ရောက်သွားသလိုပဲ…
အားပေးသွားပါတယ်….။ 🙂

commentinfo By: terry at Sep 9, 2011
Comment #3

ဟဲဟဲ…
လေးဖြူရဲ့အချစ်ဒဏ်သီချင်းကိုသူကဆိုပြမယ်ဆိုရင်တော့…
မျိုးကြီးရဲ့မလာပါနဲ့သီချင်းကို ကိုယ်က ပြန်ဆိုပြလိုက်ပေါ့…။
ဒါမှမဟုတ်သူက..မဒီလိုအဖော်မဲ့နေပြီပြောရင်တော့
ကိုယ်က…အငဲရဲ့ခုနှစ်ထွေအကစီးရီးထဲက ပြန်လက်ခံပေးလိုက်ပေါ့…..။
ဟဲဟဲ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 12, 2011
Comment #4

he,,,he,,
lots of funs,
so much happy.
so much happy.
so much happy.
both poems n comments.
really really nice.

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment