Professional Authors

‘နောက်ဆုံး နှုတ်ဆက် ကဗျာ’

မနက်ခင်းတိုင်းတော့ သူများတွေလို
” morning ပါ ချစ်သူ ” မပြောဖြစ်ပါဘူး
ညနေမှာလည်း သူများတွေလို
Coffee အတူတူမသောက်ဖူးပါဘူး
သူများတွေလိုလည်း မိုးမမြင်လေမမြင် လမ်းအတူမလျှောက်ခဲ့ဖူးဘူး
သူ့အသက်ရှူသံကိုတောင်
ဖုန်းထဲမှာဘဲကြားခွင့်ရှိခဲ့တာပ

သစ္စာရှိသူတစ်ယောက်လို့ ယုံကြည်ခဲ့တယ်
ဒါပေမယ့်. ..
သူဟာ အချိန်တိုင်းမှာ
စိတ်ကစားနေတတ်သော
‘အချစ်စစ်’ နဲ့ တွေ့တဲ့အခိုက်မှာ
အရှောင်အတိမ်းကောင်းသော
သိုးရေခြုံထားတဲ့ဝံပုလွေတစ်ကောင်ပါ

ကျွန်တော့ရဲ့ဟန်ချက်မညီတဲ့ ရင်ခုန်သံတွေကို
လမ်းလျှောက်တတ်လာအောင် သူသင်ပေးခဲ့တာပါ
လမ်းလျှောက်တော်တဲ့ခြေထောက်တွေကိုလည်း သူပဲရိုက်ချိုးခဲ့တာပါ
ကောင်းကင်ကြီးတစ်ခုတည်းအောက်မှာ
ရှင်သန်နေကြတာပါ ချစ်သူရယ်
တစ်ယောက်က သစ္စာမရှိရင်
တိမ်တွေဆီကတစ်ဆင့် တစ်ယောက်က မြင်နိုင်ကြားနိုင်ပါတယ်

အပျင်းပြေဖို့အတွက် ကစားချင်ရင်
ငါ့အသက်ကို ငါသေတဲ့အထိကစားနိုင်ပါတယ် ချစ်သူ
ငါ့နှလုံးသားကိုတော့ ကစားခြင်းသည်းခံပါ
နှလုံးသားဆန္ဒအရ ကျလာတဲ့ငါ့မျက်ရည်တွေအတွက်
မင်း ကျိန်စာမသင့်ပါဘူးချစ်သူ

မင်းဆီက အချစ်တွေပွင့်လာတဲ့အချိန်မှာ
ပျော်လို့ ကျခဲ့တဲ့မျက်ရည်…
မင်းအတွက် ဆုတောင်းပေးတဲ့အချိန်မှာ
ကြည်နူးလို့ ကျခဲ့တဲ့မျက်ရည်…
မင်း သစ္စာမဲ့တာကို သိရတဲ့အချိန်မှာ
နာကျင်လို့ ကျခဲ့တဲ့မျက်ရည်…

ဒီမျက်ရည်တွေအတွက်တော့
မင်း တစ်နေ့ ဝဋ်လည်လိမ့်မယ် ချစ်သူ

မင်းစိတ်ညစ်မှာစိုးလို့
သတိရတဲ့အခါ
ဖုန်းဆက်ချင်တဲ့စိတ်ကို မျက်ရည်နဲ့ဖြေတယ်
ကြားချင်တဲ့စကားကို
ဘယ်တော့မှမပြောခဲ့ပေမယ့်
ရင်ထဲမှာချစ်နေမှာဘဲလို့တွေးရင်း ငါ မျက်ရည်နဲ့ဖြေတယ် ချစ်သူ
မျက်ရည်လွယ်သူမဟုတ်တဲ့ငါက
မင်းစိတ်ခုမှာ စိုးရိမ်တဲ့စိတ်တစ်ခုတည်းနဲ့
ငါမုန်းတဲ့မျက်ရည်တွေကို
လွယ်လွယ်လေးဆုပ်ကိုင်ခဲ့တယ်

မင်းပေးခဲ့တဲ့
အချစ်အတု စေတနာအတုတွေက
‘ ကဗျာ ‘ နဲ့စခဲ့တာမို့
အသက် ၁ နှစ်ကျော်ရှိနေတဲ့ ငါ့ကဗျာလေးတွေကိုချစ်ပေမယ့်
အခုအချိန်ကစလို့
ကဗျာရေးခြင်းကိုစွန့်လွှတ်လိုက်ပြီ ချစ်သူ
ငါ ကဗျာတွေ ဘယ်တော့မှထပ်မရေးတော့ဘူး.. .

ဒီကဗျာလေးက
ငါရေးတဲ့ နောက်ဆုံးကဗျာပါချစ်သူ
နှလုံးသားဟာ
လူတစ်ယောက်အသက်ရှင်ဖို့မရှိမဖြစ်မဟုတ်ရင်
ခွဲစိတ်ခန်းမှာ ငါထုတ်ပစ်တယ်
ငါ့ရဲ့နှလုံးသွေးတွေမှာ
မင်းရဲ့အချစ်ကိုတမြတ်တနိုးသိမ်းထားခဲ့မိတာကို ရွံလို့ပါ

မင်း ဖုန်းနံပါတ်ပေါင်းများစွာကနေ
ရင်ခုန်သံပေါင်းများစွာနဲ့
အချစ်ကို ကစားနေတဲ့အချိန်မှာ
ငါက
အသက်လောက်တန်ဖိုးထားတဲ့ နောက်ဆုံးအချစ်ကို
မင်းနှလုံးသားမှာမြုပ်နှံထားခဲ့တယ်
အခုတော့
တန်ဖိုးမရှိတဲ့နေရာကြောင့်
ငါ မြတ်နိုးလွန်းတဲ့
ငါ တန်ဖိုးထားလွန်းတဲ့
မင်းဆီက ဘာပေးဆပ်မှုကိုမှမမျှော်လင့်တဲ့
ငါ့ရဲ့ဖြူစင်တဲ့အချစ်တွေက တန်ဖိုးမဲ့နေရတယ်. .

ဒီလောက်ထိ ငါ့အချစ်တွေကိုစော်ကားရရင်
ကျေနပ်ပါတော့ချစ်သူ
၁၀၀၆ နာရီတိတိ ပိပိရိရိလိမ်နိုင်ခဲ့တဲ့အတွက်
မင်းတော်ပါတယ်ချစ်သူ
မင်း…
မင်းနှစ်သက်တဲ့ ရင်ခုန်သံအရောင်ပေါင်းများစွာနဲ့
အမြဲပျော်ရွှင်မြူးတူးစွာကခုန်နိုင်ပါစေလို့ ငါဆုတောင်းပေးတယ် ချစ်သူ

မွေးနေ့လက်ဆောင်အဖြစ်ပေးချင်ခဲ့တဲ့
smile ပုံလေးလည်း
မကြာခင်
မီးထဲရောက်မှာပါ ချစ်သူ
မင်းသိတဲ့ လက်ကျန်မှင်တစ်စက်နဲ့တော့
ငါ အဲ့ဒီပုံကိုဆွဲခဲ့တာမဟုတ်ဘူး
တကယ်တော့
သူစိမ်းကို ချစ်သူ
ချစ်သူကို သူငယ်ချင်းလို့ သဘောထားနိုင်တဲ့
နင့်ရဲ့အောက်တန်းကျတဲ့စိတ်ဓာတ်နဲ့
ငါ့လက်က သွေးဆိုတာ
သုသာန် နဲ့ သဇင်ပန်း လို့ လိုက်ဖက်ညီမှုမရှိဘူး
မင်း ကိုယ်ပေါ်က
ငွေနဲ့လဲထားတဲ့ ပစ္စည်းတွေလောက်
ငါ့လက်ဆောင်လေးကို
မင်းတန်ဖိုးထားမှာမဟုတ်ဘူးဆိုတာ ငါမေ့သွားတယ် ချစ်သူရယ်

ဒီကဗျာလေးက.. .
ငါမင်းရဲ့နှလုံးခုန်သံကို
ရေးရေးလေးကြားနိုင်မယ့်
နောက်ဆုံးကြားခံပစ္စည်းလေးပါ ချစ်သူ

‘ ဆူး ‘ မှန်းသိပေမယ့်လည်း
နာကျင်စွာဆုပ်ကိုင်ခဲ့တယ်
ပေါက်ပြဲနေတဲ့ငါ့လက် ထက်
ဆူး သွေးပေမှာကို ပိုစိုးရိမ်တတ်ခဲ့သူပါ

မင်းပေးခဲ့ဖူးတဲ့
ဂရုဏာအတုအယောင်
နွေးထွေးမှုအတုအယောင်
အချစ်အတုအယောင်တွေကို
ဒီကဗျာလေးရေးရင်း နှုတ်ဆက်ပါတယ်
ကျန်းမာရေးဂရုစိုက်ပါ.. .ချစ်သူ ။       ။

                                                      RAY

25th September, 2013
23:00

In: ကဗျာ Posted By: Date: Sep 27, 2013
Comment #1

awww,…. di poem lay ka taw taw khan sar pyi yae tar tat poem lay lar ma the bu reader sait ma kaung bar bu .di loe maine kha lae moe a pyin mar ta kale shie lar loe amazing dal….

commentinfo By: cynthia at Sep 27, 2013
Comment #2

ta oo a yout kaut maine ka lay pae pyint pyint yaut kyar lay pae pyint pyint ko yae war tha nar thay ko sont lite tar taw ma kaung bu thint dal …thet thet sie par

commentinfo By: cynthia at Sep 27, 2013
Comment #3

Comment ပေးသွားတဲ့ မcynthia ကို ကျေးဇူးတင်ပါတယ်
အစ်မပြောသလို တစ်ဦးတစ်ယောက်ကြောင့် ကျွန်တော့ရဲ့ဝါသနာတွေကို စွန့်လွှတ်လိုက်တာမဟုတ်ပါဘူး ဝါသနာပါတဲ့အလုပ်တွေက အများကြီးပါ ကဗျာရေးတဲ့အလုပ်တစ်ခုပဲရှိတာမဟုတ်ဘူး ဝါသနာပါတဲ့အလုပ်တွေထဲကမှာ ကဗျာရေးတဲ့အလုပ်ကို နာကျည်းတဲ့စိတ်တစ်ခုကြောင့် မလုပ်ဖြစ်တော့တာပါ ~
အစ်မ စေတနာနဲ့ ပြောပေးခဲ့တဲ့စကားတွေအတွက် ကျွန်တော် အစ်မကို ကျေးဇူးတင်ပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Sep 27, 2013
Comment #4

ဝဋ်ကျွေးရှိလို့ ဆပ်တယ်လို့သာ သဘောထားလိုက်။ ကိုယ်က ချစ်ခဲ့သလောက် ကိုယ့်ကိုအဲ့လိုချစ်မယ့်လူနဲ့ တွေ့လာရင်သာ သူ့အချစ်ကို တန်ဖိုးထားပြီး ပြန်ချစ်ဖို့သာ စဉ်းစားပါလေ။

commentinfo By: raingirl at Sep 27, 2013
Comment #5

ထပ်ထူထပ်မျှခံစားအားပေးသွာပါတယ်…ကဗျာအလေးက..အရမ်းခံစားလိုကောင်းတယ်..
ဒါပေမဲ့ ကဗျာမရေးတော့ဘူးဆိုရင် တော့သိပ်မမိုက်ဘူးဗျာ…
တစ်ကန်စီ..ခွဲနိုင်ရင်ပိုကောင်းမယ်လို ထင်မြင်မိပါတယ်…..အားပေးလျှက်ပါ..

commentinfo By: tabound at Sep 28, 2013
Comment #6

ကဗျာကိုမရေးဘူးလို့တော့ ခဏခဏအားတင်းဖြစ်ပေမဲ့ မနာကျည်းဖူးတော့ ဘယ်လိုအားပေးရမှန်းမသိဘူး..
အဲတော့ ဆက်ရေးပါလို့မပြောတော့ဘူး…
နှုတ်ဆက်ပါတယ်… ဝါသနာပါတဲ့အလုပ်တွေအများကြီးရှိတော့ ကောင်းပါတယ်။ ကျွန်တော်တို့ကတော့ ဒီထဲဘယ်လောက်မျောနေရဦးမလဲ မသိဘူး… Ray ။

commentinfo By: 13th at Sep 28, 2013
Comment #7

ကဗျာလေးကို ဖတ်သွားကြတဲ့ raingirl ၊ tabound နဲ့ 13th တို့ကို ကျေးဇူးတင်ပါတယ်ဗျာ
ကိုtabound ရေ
ခင်ဗျားလိုပဲ မမေပျိုတို့ Loaferတို့ ကိုChiron တို့လည်း ကဗျာဆက်ရေးစေချင်ကြမယ်ဆိုတာ ကျွန်တော်သိပါတယ် ဒါပေမယ့် နောက် ဘယ်တော့မှကဗျာထပ်မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်အတိုင်း နောက် ဘယ်တော့မှ ကဗျာထပ်ရေးမှာမဟုတ်တော့ပါဘူး လွယ်လွယ်နဲ့ဒီဆုံးဖြတ်ချက်ကိုချခဲ့ရတာမဟုတ်လို့ ဒီဆုံးဖြတ်ချက်ကိုလွယ်လွယ်မပြင်နိုင်ပါဘူး
ကို13th ကဗျာရေးတယ်ဆိုတာ ဝါသနာအရရေးရေး Professionalတကျ ရေးရေး ကဗျာရေးလို့အကျိုးယုတ်တယ်ဆိုတာမရှိပါဘူး ကြိုးစားပါ ကြိုးစားရေးရင် ဝါသနာကအဆင့်ကနေ Professional ဖြစ်လာနိုင်ပါတယ် ~

With respect,
RAY

commentinfo By: X - ray at Sep 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment