Professional Authors

လမ်းခွဲ.(သို့ )ခဏတာနှုတ်ဆက်ခြင်းနဲ့ တစ်ဘ၀စာနှုတ်ဆက်ခြင်း (terry)

မဆုံနိုင်တော့ဘူးလို့ ပဲ…ထားပါ။
နှုတ်ဆိပ်ခြင်းတွေနဲ့ 
ရပ်နေသူနှစ်ယောက်ကြား
ဖြတ်တိုက်သွားတဲ့လေညှင်းမှာတောင်
သူစိမ်းဆန်မှုဇာတာတွေပါနေတယ်…။

ဆန့် ကျင်ဘက်တွေပဲလင်းနေတဲ့
ကောင်းကင်နှစ်စင်းဟာ
ငါမမှားဘူးဆိုတဲ့အတ္တ
ကြွေကြွေကျနေတဲ့မာနတွေနဲ့ 
သံယောဇဉ်လက်ကျန်တွေကို
ခါခါချနေတယ်…………။

ဖိတ်တ၀က်စင်တစ်ဝက်နဲ့ 
စကားလုံးတွေပြန့် ကျဲ
ရွာချတော့မယ့်မျက်ဝန်းထဲမှာ
နွေရာသီတွေ……..
လိုတာထက်ပိုပြီး…သည်းလာတယ်။

လှည့်ထွက်သွားပြီဆိုတာ
သိနေလျှက်နဲ့ တောင်
ပြန်လှည့်ပြီးများခေါ်လေမလားလို့ 
စုံလုံးကန်းယုံကြည်ချက်လေးနဲ့ 
မျက်စိတစ်ဆုံးတွေးနေမိသေးတယ်…..။

သိလိုက်ပါပြီ……….။
အသဲကွဲတယ်ဆိုတာ…
ငါရင်နဲ့ ရင်းပြီးကြဲတဲ့ပျိုးမှာ
ဆုံးရှုံးခြင်းတွေပဲ..
မျိုးအောင်တယ်ဆိုတာ…………..။

ထွက်မသွားနဲ့ …………
မတားတော့ဘူး။
ပြန်လာချင်တဲ့အချိန် ပြန်လာပါ။
တောင်းပန်တယ်ဆိုတဲ့စကား……..
မကြားချင်တော့ဘူး။
အကြောင်းပြချက်တွေကိုပဲနားလည်ချင်တာပါ။

ဒီနေ့ ကစ……………….
ငါ့နှလုံးသားကို
တံခါးအသေပိတ်လိုက်ပြီ။
ရော့……ယူသွား………..
ငါ့တံခါးမှာခတ်ထားတဲ့
သော့အပိုတစ်ချောင်း………………….။

                                                  
                                                         terry(22.5.2011)9:30pm

In: ကဗျာ Posted By: Date: May 23, 2011
Comment #1

ဆန့် ကျင်ဘက်တွေပဲလင်းနေတဲ့
ကောင်းကင်နှစ်စင်းဟာ
ငါမမှားဘူးဆိုတဲ့အတ္တ
ကြွေကြွေကျနေတဲ့မာနတွေနဲ့ 
သံယောဇဉ်လက်ကျန်တွေကို
ခါခါချနေတယ်…………။

commentinfo By: rabbit at May 23, 2011
Comment #2

ခံစားရလွန်းလို့ စကားလုံးတွေတောင်မဲ့တဲ့အထိ ဖြစ်သွားခဲ့ရတယ်

commentinfo By: မိုးသစ်လေပြည် at May 23, 2011
Comment #3

သိလိုက်ပါပြီ……….။
အသဲကွဲတယ်ဆိုတာ…
ငါရင်နဲ့ ရင်းပြီးကြဲတဲ့ပျိုးမှာ
ဆုံးရှုံးခြင်းတွေပဲ..
မျိုးအောင်တယ်ဆိုတာ…………..။
…………
မိုက်တယ် 😀

commentinfo By: ငယ်လေး at May 27, 2011
Comment #4

ဟာ….ကိုတယ်၇ီကောင်းလိုက်တာဗျာ
သော့တစ်ချောင်းပေးလိုက်တာ..

commentinfo By: poem.poem28 at May 28, 2011
Comment #5

ဒီနေ့ ကစ……………….
ငါ့နှလုံးသားကို
တံခါးအသေပိတ်လိုက်ပြီ။
ရော့……ယူသွား………..
ငါ့တံခါးမှာခတ်ထားတဲ့
သော့အပိုတစ်ချောင်း………………….။
အမြဲတမ်းအားပေးနေပါတယ်…။

commentinfo By: စုနိုင် at Jun 25, 2011
Comment #6

အကို တယ်ရီ ဖွင့်ချင်လို့
ကျွန်တော့ကိုလည်း သော့တစ်ချောင်းလောက်

commentinfo By: G.T13 at Aug 29, 2011
Comment #7

ဒီနေ့ ကစ……………….
ငါ့နှလုံးသားကို
တံခါးအသေပိတ်လိုက်ပြီ။
ရော့……ယူသွား………..
ငါ့တံခါးမှာခတ်ထားတဲ့
သော့အပိုတစ်ချောင်း………………….။
ကောင်းတယ်ဗျာ ကြိုက်တယ်

Comment #8

ဆန့် ကျင်ဘက်တွေပဲလင်းနေတဲ့
ကောင်းကင်နှစ်စင်းဟာ
ငါမမှားဘူးဆိုတဲ့အတ္တ
ကြွေကြွေကျနေတဲ့မာနတွေနဲ့ 
သံယောဇဉ်လက်ကျန်တွေကို
ခါခါချနေတယ်…………။

လှည့်ထွက်သွားပြီဆိုတာ
သိနေလျှက်နဲ့ တောင်
ပြန်လှည့်ပြီးများခေါ်လေမလားလို့ 
စုံလုံးကန်းယုံကြည်ချက်လေးနဲ့ 
မျက်စိတစ်ဆုံးတွေးနေမိသေးတယ်…..။

ထွက်မသွားနဲ့ …………
မတားတော့ဘူး။
ပြန်လာချင်တဲ့အချိန် ပြန်လာပါ။
တောင်းပန်တယ်ဆိုတဲ့စကား……..
မကြားချင်တော့ဘူး။
အကြောင်းပြချက်တွေကိုပဲနားလည်ချင်တာပါ။

ဒီစာသားတွေကိုကြိုက်တယ်

commentinfo By: ngewaithuaung at Dec 20, 2011
Comment #9

pay lay…
ane lar shin pay me.
a wit lar hlaw pay me.
he,,he,,
a la kar dot ya bu naw,

commentinfo By: ei lay at Dec 20, 2011
Comment #10

a yan mike de,,
a yae a tar pyaung myaut par pay de

commentinfo By: ei lay at Feb 5, 2012
Comment #11

လှည့်ထွက်သွားပြီဆိုတာ
သိနေလျှက်နဲ့ တောင်
ပြန်လှည့်ပြီးများခေါ်လေမလားလို့ 
စုံလုံးကန်းယုံကြည်ချက်လေးနဲ့ 
မျက်စိတစ်ဆုံးတွေးနေမိသေးတယ်…..။

commentinfo By: ကျော်ထွဋ်လွင် at Feb 15, 2012
Comment #12

မဆုံနိုင်တော့ဘူးလို့ ပဲ…ထားပါ။
နှုတ်ဆိပ်ခြင်းတွေနဲ့ 
ရပ်နေသူနှစ်ယောက်ကြား
ဖြတ်တိုက်သွားတဲ့လေညှင်းမှာတောင်
သူစိမ်းဆန်မှုဇာတာတွေပါနေတယ်…။

လက်..ကလေးတွေ..မှော်သွင်းထားလားဗျာ

commentinfo By: အသဲကွဲမိုး at Feb 15, 2012
Comment #13

ဖိတ်တ၀က်စင်တစ်ဝက်နဲ့ 
စကားလုံးတွေပြန့် ကျဲ
ရွာချတော့မယ့်မျက်ဝန်းထဲမှာ
နွေရာသီတွေ……..
လိုတာထက်ပိုပြီး…သည်းလာတယ်။
ထိတယ် တယ်ရီရေ
….. အခိုးငွေ့ တွေ ရွာသွန်း နေရခြင်းပါ ပဲနွေရောက်လေတိုင်းပေါ့ ……

commentinfo By: sharon myorr myor at Apr 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment