Professional Authors

အချစ်ဆုံးသို့ နောက်ဆုံး . .. အစီရင်ခံစာ

မချစ်တတ်၊ . .ချစ်တတ်

စာရေးဆရာတစ်ယောက် ချစ်ခဲ့မိတယ် ။

သူတောင်းစားလို . . ..

အချစ်ငတ် တဲ့ ငါ့ကို

သနားပြီး စွန့်ကျဲလိုက်တဲ့

အချစ်တွေမှန်း မသိခဲ့ဘူးပေါ့။

ချစ်တယ် . . စကားကို အဟုတ်ထင်

မိုးမမြင်၊ လေမမြင်

လူတွေ မုန်းလောက်အောင် . .

ပျော်ခဲ့တာပါ. . .။

တိုးတိုးလေး မျှော်တတ်တဲ့ ငါ . .

အနားတိုးရ မှာတောင် မ၀ံ့မရဲ

မပြောရက် မဆိုရက်နဲ့

ထိုင်ကြည့်ရင်း ပျော်နေခဲ့တာ . . ။

ဘယ်တော့ သေနေ့စေ့မလဲ . . ဆိုတဲ့

စိုးရိမ်စိတ်နဲ့ . . ငါ . .

လစ်လျုလျု့ မှု အတွက်

ကြိုတင် ပြင်ဆင်ဖို့ မေ့လျော့ခဲ့တယ်။

ငါက . . လူဆိုးလေ . . .

လူယဉ်ကျေးယောင် မဆောင်တတ်ဘူး

ချစ်သူ မကြိုက်တဲ့

စရိုက်ဆိုးနဲ့ . . ငါ ။

ပေပေတေတေ နဲ့  .. .

လောကကို အလွတ် လှောင်ပြောင်ချင်တာ . .

နေသားကျနေတဲ့ ငါ့ အကျင့်မို့

ဝေးသထက်ဝေးခဲ့ရတယ် . . ။

ငိုရမှာလည်း ခက်ခက်  .. . .

ဒီဇာတ်လမ်းက မရယ်ရဘူး။

ပျော်ပါစေတော့ . . ဆိုတဲ့

စေတနာတွေပါ . .

(သူများတွေလို ဂရုမစိုက်တတ်တာ မဟုတ်ခဲ့ဘူး)

အရိပ်တကြည့်ကြည့်နဲ့ . .

မင်း တစ်ယောက်တည်း မြင်တဲ့ ငါ . .

အမုန်းဒဏ်ကို ခံရမယ်ဆိုလည်း . .

ပျော်စေချင်တာပါ။

ချစ်သူက . . ကျေနပ်မယ်ဆိုရင် . . .

ငါက . . ယောင်းမ ခါးကြားထိုးပြီး

ကမ္ဘာပါတ်မယ့်ကောင်. . . ။

ချစ်သူက အလိုမကျရင်. .

ဒဿဂီရိကြမ်းတာတောင် . .

သနားတယ်။

သေချာကြည့်ပါ ချစ်သူ

ရုပ်ရှင်တွေထဲမှာ . .

လူဆိုးတွေပြုံးတာ ဘယ်မှာ ချစ်စရာကောင်းလို့လဲ?

ဘ၀ . . နွေကန္တာရထဲ . .

မင်း အမုန်းပူတာ

အပြင်းဆုံးပါပဲ . . ။

လစ်လျူလျူတာကို

အောက်ကျနောက်ကျ ခံရခက်တာထက်

မင်း အမုန်းတခု ရလိုက်တာက

ဘ၀မှာ ပို နေပျော်ပါသေးတယ်. . . ။

ဘ၀မှာ . . အချစ်နဲ့ ပါတ်သတ်လာရင် . .

ခပ်ရှုပ်ရှုပ်နေတတ်တဲ့  . . ငါ့ကို

အသည်းကွဲတတ်အောင် . .

ကုန်ကြမ်းရှာသွားတဲ့ မင်းကို

ကျေကျေနပ်နပ်နဲ့

လှည့်စားခံလိုက်တာပါ . . ။

မသိတတ်လို့ မဟုတ်ဘူး . .

မပြောရက်ခဲ့တာ . .

သဘောပေါက် . . .။

ခပ်တုံးတုံးတော့ မဟုတ်ဘူး

အချစ်ကို ကိုးကွယ်မိတာထက်

အရည်းကြီးကို ကိုးကွယ်ရတာ

ဘ၀အတွက် ပိုကောင်းတယ်ဆိုတာ

နှလုံးသားတခုရင်းပီးမှ သိလိုက်ရတဲ့

အတွေ့အကြုံမို့

လမ်းမှာ . . နောက်တခါဆုံရင် ပြောပြချင်တယ်။

မင်း ကို . . ချစ်လွန်းလို့ သေစေချင်ခဲ့တာပါ . .။

ငါ့ လက် နဲ့ မသတ်ရက်လို့

လွှတ်ပေးခဲ့တာ . . .။

ဒီလူဆိုးနဲ့ . .

မင်းဘယ်တော့မှ . .

နောက်ထပ် မဆုံစေချင်ပါဘူး ချစ်သူ။

နောက်ဆုံး အစီရင်ခံစာအတွက်

စွယ်တော်ရွက် တရွက်ရဲ့

ခပ်ကြမ်းကြမ်း ကြွေလွင့်မှု . . . .

ကဗျာ မဆန်ခဲ့ဘူး . . ။

ရှင်းသန့်ဖြူ
08.10.2010
(10:04 pm)

In: ကဗျာ Posted By: Date: May 30, 2011
Comment #1

ကောင်းတယ် သူငယ်ချင်း အားပေးနေမယ် ။

commentinfo By: gadounlay at May 30, 2011
Comment #2

အားပေးသွားတယ် အစ်မတော်….

commentinfo By: moehtetaung18 at May 30, 2011
Comment #3

အားပေးသွားပါတယ် ရှင်းသန့်ဖြူ

commentinfo By: အရိပ်ကလေး at May 31, 2011
Comment #4

ချစ်သူက . . ကျေနပ်မယ်ဆိုရင် . . .

ငါက . . ယောင်းမ ခါးကြားထိုးပြီး

ကမ္ဘာပါတ်မယ့်ကောင်. . . ။

commentinfo By: whiterose11 at Jun 1, 2011
Comment #5

Thanz you

း)

(ဦးမောင် ကိုဂါရ၀ပြုလျှက်)

commentinfo By: Shin Thant Phyu at Jun 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment