နောက်ဆုံး… .စက္ကန့်
အနားချင်းနီးလို့
ညိခဲ့တဲ့ကြိုးမဟုတ်ပေမယ့်
ဝေးဝေးထားလည်း
ပြတ်မယ့်ကြိုးမဟုတ်ဘူးးးးးးးးးးး
သေချာတာကတော့
ဒီကြိုးအရစ်ကောင်းလို့
အချစ်တွေ. ..နှောင်း. …ခဲ့..ရ..တယ်
အသစ်တွေ. ..ပြောင်း. …ခဲ့..ရ..တယ်
အဖြစ်တွေ. ..ဟောင်း. …ခဲ့..ရ..တယ်
တကယ်တော့
အချစ်ဆိုတာ. ..
နှလုံးသားတစ်ခုမွေးဖွားဖို့
နှလုံးသားတစ်ခုကိုသတ်ပစ်ရတာမျိုး
နှလုံးသားတစ်ခု. . .ဖြစ်. .တည်. ..ဖို့
နှလုံးသားတစ်ခု. . .ကြွေ. .ကျ. ..ရ. . .တာ. . ..မျိုး..ပါ
မင်း နဲ့ ငါ အတွက်
နောက်ဆုံးစက္ကန့်
တစ်ခါပြန်ရှိနိုင်ဦးရင်
ငါ့…………ဝိ………ညာဉ်…….တွေ…..အ…ကုန်
မင်းနှလုံးအိမ်မှာ
……………..တပ်…………ဖြန့်…….ထား….ချင်..တယ်။
Ray
19th November , 2011. 
04:00 am
Comment #5
ကောင်းတယ်
                        By: Village chat kyi at Nov 20, 2011
                    Comment #6
ခက်ခက်ခဲခဲတင်ထားရတဲ့ ကဗျာလေးကို လာရောက်အားပေးသွားတဲ့ ကိုလုလင်ငယ်သွေး ၊ SoFarAwayFromU ၊ ကိုအာကာ နဲ့ Village chat kyi တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။
နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင်ဝေဖန်ပေးကြပါ အားလုံးရဲ့ဝေဖန် အကြံပေးမှုကို အမြဲတန်ဖိုးထားလျှက်ပါ ။
                        By: X - ray at Nov 20, 2011
                    Comment #8
ကဗျာလေးကို အားနာပါးနာ လာရောက်အားပေးသွားတဲ့ မဆည်းဆာ ကျေးဇူးပါဗျာ ။
                        By: X - ray at Nov 20, 2011
                    Comment #11
really really nice.
                        By: ei lay at Nov 21, 2011
                    Comment #12
အချစ်ဆိုတာ. ..
နှလုံးသားတစ်ခုမွေးဖွားဖို့
နှလုံးသားတစ်ခုကိုသတ်ပစ်ရတာမျိုး
နှလုံးသားတစ်ခု. . .ဖြစ်. .တည်. ..ဖို့
                                                                         နှလုံးသားတစ်ခု. . .ကြွေ.   .ကျ. ..ရ. .  .တာ.  . ..မျိုး..ပါ
……………..
ဒီစာသားလေးတွေကို ပိုသဘောကျတယ်…တပုဒ်လုံးကိုနှစ်သက်လို့အားပေးသွားပါတယ်.
                        By: အသဲကွဲမိုး at Nov 21, 2011
                    Comment #14
သိပ်ကောင်းတယ်ဗျာ..
အားကျနေပါကြောင်းးး
ပညာယူနေပါကြောင်းး
လေးစားပါကြောင်းးး
                        By: sharon myorr myor at Nov 21, 2011
                    Comment #15
စာပြန်တာနောက်ကျတဲ့အတွက် အားလုံးကို တောင်းပန်တယ်ဗျာ
Ray ဒီရက်ပိုင်း ဒီကို မရောက်ဖြစ်လို့ပါ။
မဆည်းဆာရယ် ကျွန်တော်က ကိုယ်ထင်တာ ကိုယ်ပြောလိုက်တာပါ ကျွန်တော်ပြောလိုက်သလိုမဟုတ်ဘူးဆိုရင်လည်း တောင်းပန်ပါတယ်။ ကဗျာလေးကို ခံစားအားပေးသွားကြတဲ့ မအိလေး ၊ အစ်မတော်အသဲကွဲမိုး ၊ ယောနသံ ၊ sharon myorr myor နဲ့ ကဗျာကို နှစ်ခေါက်တောင် လာရောက်အားပေးသွားတဲ့ ကိုလုလင်ငယ်သွေး တို့ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော့ကဗျာလေးကို ဒီလောက်အများကြီးအားပေးကြလို့ မျက်ရည်ကျမတတ် ဝမ်းသာမိပါတယ် အပိုပြောတာမဟုတ်ဘူးဗျ တကယ်ပါ အမှန်တော့ ကျွန်တော်ကဗျာမရေးတတ်ပါဘူး တစ်ခါတစ်ခါတစ်ယောက်တည်း အရမ်းအထီးကျန်ဆန်တဲ့အခါ ကဗျာတွေက ကျွန်တော့အတွက် မိတ်ဆွေကောင်း ၊အဖော်မွန်ကောင်းဖြစ်လာခဲ့တယ် ဒါနဲ့ဘဲ ကျွန်တော်ကဗျာရေးဖြစ်သွားတာပါ ကျွန်တော် ကဗျာစရေးကတည်းက ဖေးဖေးမမနဲ့ ကူညီအားပေးခဲ့ကြတဲ့ ကဗျာညီအစ်ကိုမောင်နှမတွေကို တကယ်ကျေးဇူးတင်ပါတယ် ။
                        By: X - ray at Nov 29, 2011
                    Comment #16
ကျွန်တော့် မောင် X-Ray လေးကို အထူးသတိရနေပါကြောင်း
ကဗျာတွေပျောက်နေပါသည်။။။။။။
                        By: အသဲကွဲမိုး at Jun 16, 2012
                    Comment #17
ကဗျာတင်ပျောက်တာမဟုတ်ဘူးအစ်မတော်ရေ လူလည်းကဗျာဆိုဒ်ကိုမရောက်ဖြစ်ဘူး ။
                        By: X - ray at Dec 4, 2012
                    



 
Comment #1
ကဗျာလေးကို သေချင်တယ်လို့ နာမည်ပြောင်းလိုက်ချင်တယ်
ကျွန်တော်ဒီကဗျာကို ၁၄ ခေါက်လောက် edit လုပ်လိုက်ရတယ် edit page ကဘာဖြစ်နေတာလဲမသိဘူး ပြင်တဲ့အတိုင်းမထွက်လာဘူး အခုတောင် ပြင်တဲ့အတိုင်း အကုန်မထွက်လာသေးဘူး တကယ်သေချင်တယ် edit အကြိမ်အခေါက် ၁၀၀ ပြည့်သွားမှာစိုးလို့ ကျွန်တော် အဲ့တစ်ကြောင်းကိုတော့ ဒီအတိုင်းပဲထားလိုက်တော့တယ် edit page က တစ်ခါတစ်လေ အဲ့လိုပဲ ကြောင်တတ်လားဗျာ သိတဲ့လူများရှိရင် တစ်ချက်လောက်ပြောပြပါ ။