Professional Authors

နှုတ်ဆက် ၊သိမ်းဆည်းခြင်း

ရွာနေသောမိုး
တိုက်နေသောလေ
ရင်ဝယ်မွှေသို့
ငါ ၏စိုးစိတ်
ရင်ဝယ်ထိတ်ကာ
အပြင်ကမိုး
မျက်အိမ်တွင်းရွာ
မိုးနှင့်မျက်ရည်
ရောကာထွေလို့
ဒီမြင်ကွင်းတို့
ဒီအသံတို့
ငါ့၏ နားတွင်း
ငါ့မြင်ကွင်း ၀ယ်
ဝင်ကာနင်းလို့
အသည်းကို တိုး
နှလုံးကို လှုပ်
ငါ၏ အသိ
ငါ၏ သတိ
ပျောက်သွားစေရန်
ငါ ကြံဖန်လည်း
သူ ၏မျက်နှာ
သူ့ အသံကား
ငါ့အား ငါ့….အား
နှုတ်ဆက်ချေပြီ
သဘာဝကို ပြိုင်
တု မနိုင်လည်း
ငါ့ အသွေးဝယ်
ကိန်းသော သင့်အား
ဘယ်သို့သော သူ
ဘယ်လို လူမျှ
လုမယူနိုင်
မဖျက်နိုင်တည်း…………………….။

In: ကဗျာ Posted By: Date: Oct 10, 2011
Comment #1

ကိုဒေဝေါ လုလင်အားပေးသွားတယ်ဗျို့ 

Leave Comments

Name*

Email*
Website
Email me whenever there is new comment