Professional Authors

ဘ၀ရဲ့ သခင်..

တစ်လောကလုံးက မယုံကြည်တော့တဲ့အချိန်မှာ
မင်း ငါ့ကို ယုံကြည်ပေးခဲ့တယ်…….
ငါ့ဘက်ဘယ်သူမှ ရှိနေမပေးတော့တဲ့အချိန်မှာ
မင်း ငါ့ဘက်မှာ ရပ်တည်ပေးခဲ့တယ်……..
ခြေလှမ်းတွေပျက် အသက်ဆက်ဖို့ခက်နေချိန်မှာ
မင်း အချစ်တွေနဲ့ငါ့ကိုရှင်သန်စေခဲ့တယ်………
အရှုံးတွေကြား ခေါင်းမဖော်နိုင်ချိန်မှာ
မျှော်လင့်ခြင်းတွေနဲ့ မင်း ငါ့ကို ဆွဲထူပေးခဲ့တယ်……
ဒဏ်ရာတွေနဲ့ ကမ်းပျောက်နေချိန်မှာ….
ကြင်နာမှုတွေနဲ့ မင်း ငါ့ကို လမ်းပြပေးခဲ့တယ်…….
ကျေးဇူးပါပဲ ချစ်သူ…
မင်းဟာ ငါ့ရဲ့ မီးအိမ်ရှင်….
မင်းဟာ ငါ့ရဲ့ ပဲ့ကိုင်ရှင်….
မင်းဟာ ငါ့ရဲ့ အဖိုးအထိုက်ဆုံးရတနာ
ငါမြတ်နိုးတဲ့မင်းက…..
ငါ့ဘ၀ရဲ့အရှင်သခင်…
နောင်တတွေ အထပ်ထပ်
ဒဏ်ရာတွေ ဟက်တက်နဲ့
ငါ့အသည်းနှလုံးကနေ
လေးလေးနက်နက်ပြောခဲ့ချင်တယ်…
ငါ မင်း ကို….
သိပ်ချစ်တယ်…………….။               ။

In: ကဗျာ Posted By: Date: Sep 20, 2011
Comment #1

မိုက်တယ်….လုံးဝအချစကဗျာပဲ….။ 🙂

commentinfo By: terry at Sep 20, 2011
Comment #2

အချစ်

commentinfo By: terry at Sep 20, 2011
Comment #3

ကဗျာလေးကကောင်း၏

commentinfo By: Village chat kyi at Sep 20, 2011
Comment #4

တစ်လောကလုံးက မယုံကြည်တော့တဲ့အချိန်မှာ
မင်း ငါ့ကို ယုံကြည်ပေးခဲ့တယ်…….
ငါ့ဘက်ဘယ်သူမှ ရှိနေမပေးတော့တဲ့အချိန်မှာ
မင်း ငါ့ဘက်မှာ ရပ်တည်ပေးခဲ့တယ်……..
ခြေလှမ်းတွေပျက် အသက်ဆက်ဖို့ခက်နေချိန်မှာ
မင်း အချစ်တွေနဲ့ငါ့ကိုရှင်သန်စေခဲ့တယ်………
အရှုံးတွေကြား ခေါင်းမဖော်နိုင်ချိန်မှာ
မျှော်လင့်ခြင်းတွေနဲ့ မင်း ငါ့ကို ဆွဲထူပေးခဲ့တယ်……
ဒဏ်ရာတွေနဲ့ ကမ်းပျောက်နေချိန်မှာ….
ကြင်နာမှုတွေနဲ့ မင်း ငါ့ကို လမ်းပြပေးခဲ့တယ်…….
ကျေးဇူးပါပဲ ချစ်သူ…
မင်းဟာ ငါ့ရဲ့ မီးအိမ်ရှင်….
မင်းဟာ ငါ့ရဲ့ ပဲ့ကိုင်ရှင်….
မင်းဟာ ငါ့ရဲ့ အဖိုးအထိုက်ဆုံးရတနာ
ငါမြတ်နိုးတဲ့မင်းက…..
ငါ့ဘ၀ရဲ့အရှင်သခင်…
နောင်တတွေ အထပ်ထပ်
ဒဏ်ရာတွေ ဟက်တက်နဲ့
ငါ့အသည်းနှလုံးကနေ
လေးလေးနက်နက်ပြောခဲ့ချင်တယ်…
ငါ မင်း ကို….
သိပ်ချစ်တယ်…………….။ ။ အမိုက်ဆုံးပဲ .ရင်ကိုခိုက်တယ်

commentinfo By: sharon myorr myor at Sep 20, 2011
Comment #5

အားပေးသွား၏

commentinfo By: May Kha at Sep 21, 2011
Comment #6

မင်းဟာ ငါ့ရဲ့ မီးအိမ်ရှင်….
မင်းဟာ ငါ့ရဲ့ ပဲ့ကိုင်ရှင်….
မင်းဟာ ငါ့ရဲ့ အဖိုးအထိုက်ဆုံးရတနာ

ကောင်းတယ်ဗျာ အားပေးသွားပါတယ်

commentinfo By: ဧရာဝတီသားး at Sep 21, 2011
Comment #7

wow,,,,
wow,,,
wow,,,
mike de kwar.
lone wa heart hti de.
a yan kyike twar p.

commentinfo By: ei lay at Oct 31, 2011
Comment #8

နဲတဲ့ ပေါချက်လား …

commentinfo By: Poizon at Feb 1, 2012
Comment #9

my love,,my life,

commentinfo By: ei lay at Jun 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment