Professional Authors

အတိတ်မေ့ခြင်း

ဟိုတရက်က ထွက်ခွါသွားခဲ့ပြီမဟုတ်လား

အိပ်မက်ထဲပြန်ပြန်ရောက်လာတတ်တဲ့အတိတ်

ငါစိတ်မဆိုးခင် မင်းထွက်သွားလိုက်ပါ။

 

တိုက်ခိုက်မှုတစ်ခုမှာ

နှစ်ဦးနှစ်ဖက် နစ်နာစရာတွေများလည်း

ရွေးချယ်စရာမရှိတဲ့အဆုံး

ရှင်သန်ခွင့် ပေးလို့မရတာ

ငါစိတ်မကောင်းဘူး။

 

နှလုံးသားကို မတော်တဆ ထိခိုက်မိတာမဟုတ်ဘူး

ရည်ရွယ်ချက်ရှိရှိလုပ်ကြံခံရတာ

ခွင့်လွှတ်စရာ ကြေအေးစရာ

မင်းဆီမှာ တစုံတရာရှိပါသလား။

 

ကံကိုယုံလို့ ဆူးပုံနင်းရတာကို

ငါစိတ်အပျက်ဆုံးပဲ

အတိတ်ကို သတိရခွင့်မရှိတဲ့ အတူတူ

အတိတ်မေ့လိုက်တာပဲကောင်းတယ်။

ဗီဇ

In: ကဗျာ Posted By: Date: Sep 17, 2013
Comment #1

အတိတ်မေ့လိုက်တာပဲကောင်းပါတယ်…

commentinfo By: niaallin at Sep 18, 2013
Comment #2

မေ့မရတာ ဘယ်လိုလုပ်ရမလဲ

commentinfo By: သန်းဝင်း at Sep 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment