Professional Authors

သတိရခြင်း – ရန်ကုန် (စိုင်းလောဝ်ပိန်း)

ငါ့စိတ် အကိုင်းအဖျားလေးပေါ် ရန်ကုန်မြို့ကြီးလာနားတော့
သတိရစိတ်တွေ ကွေးညွှတ်
ငါ့တနင်္ဂနွေတွေ မိုးအုံးခဲ့ပြန်တယ်

မြို့ထဲလမ်းမတွေက အမှတ်တရ သိမ်းထုတ်ထားဖို့ ရှည်လျား
မိုးရေထဲ လိမ်လိမ်မာမာလေး နှစ်မြုပ်နေမယ့် မြို့ကြီးပေါ့
ငါ့ရဲ့ အိမ်လွမ်းနာမှာ မင်းက ဒဏ်ရာအစစ်ပါ ရန်ကုန်

လက်ရှိပြေးလမ်းနဲ့ တသားတည်းဆိုပေမယ့်
အလွမ်းတွေက ထိုးထိုးထောင်ထောင်ရယ်ပါ
ရန်ကုန်ရေ… မင်းဆီမှာ ကျန်ခဲ့တဲ့ ငါ့အိမ်မက်တွေ
တစ်နေ့တော့ ငါပြန်လာယူမယ်

အခုတော့
ပန်းဆိုးတန်း၊ အနော်ရထာ၊ ၂၆လမ်းတွေပေါ်
လမ်းတွေလျှောက်နေချင်တယ်
ငါ့စိတ်ကလေးပဲ လွှတ်လိုက်ပါရဲ့ ရန်ကုန်ရယ်
နောက်မှ တွေ့မယ်။

စိုင်းလောဝ်ပိန်း

/* ကျွန်တော်တို့ချစ်တဲ့ကဗျာတွေ ဆိုတဲ့ site လေးမှာ ဖတ်ဖူးတာကို သဘောကျလို့ သိမ်းထားတာကို share လိုက်တာပါ.. */

In: ကဗျာ,Others Posted By: Date: Jun 1, 2010
Comment #1

သိပ်နှစ်သက်မိပါတယ်ဗျာ

commentinfo By: n$n at Mar 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment