Professional Authors

အဖြူရောင်များ ချိတ်ဆက်ထားခြင်း

အဆင်မပြေတာတွေ ကြုံတဲ့အခါ
စာနာတတ်တဲ့ စိတ်ထားနဲ့
တစ်ယောက်ကိုတစ်ယောက် အားပေးရင်း
ငါတို့တွေ စိတ်ချင်းနီးခဲ့ကြပုံများ..
ပျော်စရာလား
ဝမ်းနည်းစရာလား
အတူတူ မျှဝေခံစား
လူအမြင်ကပ်လောက်အောင် လည်ပင်းဖက်ပေါင်းခဲ့ကြတာ
မယုံမရှိနဲ့
(လူ သန်း ပေါင်း များ စွာ ထဲက မှ)
ငါတို့က ‘သူငယ်ချင်းတွေ’ ကွဲ့
တစ်ကိုင်းတည်း နားကြတယ်။

In: ကဗျာ Posted By: Date: Oct 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment