Professional Authors

ကြေကွဲရိပ်

အိပ်မက်တခုကို…..
အတူတူ မက်ခဲ့ဖူးတယ်။     ။
စိတ်ကူးတခုကို…..
အတူတူ ပုံဖေါ်ခဲ့ဖူးတယ်။     ။
မျှော်လင့်ချက်တခုကို…..
အတူတူ ဖမ်းဆုပ်ခဲ့ဖူးတယ်။       ။
ပေးဆပ်ခြင်း ရယူခြင်းတွေ…..
တူညီခဲ့ဖူးတယ်။    ။
ဒါပေမဲ့……
နားလည်မှုတခု ပျောက်ပျက်သွားတာနဲ့
အတိတ်ဟာ အိတ်ပေါက်နဲ့  ဖားကောက်ရသလို
အမှန်တွေပျောက်ပြီး အမှားထောက်စရာတွေချည်းဖြစ်လာ…..
ဒီလိုနဲ့…..
တယောက်နဲ့တယောက်ကျောခိုင်း
အတိတ်က ပုံပြင်တွေဟာ ရိုင်းခဲ့ပြီလား…..
………………………………………………..
………………………………………………..။          ။

                                             စစ်အေးငြိမ်း

In: ကဗျာ Posted By: Date: Jan 19, 2012
Comment #1

မဖတ်ရတာကြာပီနော်ညီမလေး…..
တကယ့်အားပေးသွားတယ်နော်.

commentinfo By: May Kha at Jan 19, 2012
Comment #2

ဟုတ်တယ်…နည်းနည်းလေးပျောက်နေသလိုပဲ….
ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 19, 2012
Comment #3

so nice

commentinfo By: ei lay at Jan 19, 2012
Comment #4

ဟုတ်တယ်……..လူရော စိတ်ရော နဲနဲ အလုပ်ရှုပ်နေလို့ပါ………
ဒီ Site က သူငယ်ချင်းတွေကိုတော့ မမေ့ပါဖူး………
အားပေးတဲ့ အတွက်ကျေးဇူးပါ…………..

commentinfo By: sitayenyien at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment