Professional Authors

အချစ်ကြောင့် ပျောက်ဆုံးသွားခြင်း

အချစ်ရယ်….
မင်းကို စတွေ့တုန်းကပေါ့
အချစ်စစ်တစ်ခုကို တွေရှိလိုက်ပြီပေါ့
ကိုယ်စိတ်က ထင်ခဲ့တာကိုလေ။
ဟော..အခု ကိုယ်တို့တွေ ချစ်သူတွေ
ဖြစ်ခဲ့ကြပြီနော်။
တကယ်ချစ်တယ် မချစ်ဘူးဆိုတာ
ဘယ်လို့မှ ချက်ချင်းဆုံးဖြတ်ချက်မချနိုင်ဘူးဆိုတာ
ကိုယ်သိလိုက်ရတဲ့အချိန်မှာ
အချိန်ဆိုတဲ့ ယန္တယားကြီးက လည်ပတ်နေတာ
ခရိးတောင် တော်တော်လေး ပေါက်နေပြီလေ။
အချိန်ကို ပြန်မကြည့်မိလိုက်ခင်
ကိုယ်ဘာသာကိုယ် ပြန်ကြည့်မိတာက
ကိုယ်နှလုံးသားတစ်စုံကိုပေါ့
ပါသွားခဲ့ပြီလေ။
မင်းရဲ့ နွေးထွေး ယုယခြင်းတွေအတွက်
ကိုယ်နှလုံးသား တစ်စုံ
ခုန်ပေါက်ထွက်သွားခဲ့တာကို
သိခဲ့ချိန်မှာ တော့ အတော်လေးကို နောက်ကျနေပြီပေါ့။
အခုတော့ မထူးတော့တဲ့ဇာတ်ကို
ပြန်ပြိးထူးဖော်နေလို့လည်း
ကုန်လွန်သွားတဲ့ အချိန်တွေ
ဖြတ်သန်းခဲ့တဲ့ နာရီးတွေကို
ေ၇တွက်မနေချင်တော့ဘူးလေ။
နောက်ဆုံးတော့လည်း အယူခံခြင်းမဟုတ်တဲ့
တဆင့်တက် ခံယူချက်လေးနဲ့
မင်းဆီမှာ အသာနား ခံပါ၇စေ။
ကိုယ်အချစ်တွေနဲ့ မင်းနဲ့ ကိုယ်နဲ့
ကြည်နူးခဲ့တဲ့ အချိန်တွေကို
မင်းဆီက ပြန်မ၇တော့ချင်လည်း နေပါစေ
လောကကြီးမှာ အသက်မရှိသလို
အဓိပါယ်ကင်းမဲသလို အသက်ထွက်နေတဲ့
ကိုယ် ခန္ဒာကိုယ်ကြီးကို ကူညီတဲ့အနေနဲ့
မင်းဆီက နောက်ဆုံးအနမ်းလေး တစ်ပွင့်
ချွေချခဲ့လှည့်ပါကွယ်။

In: ကဗျာ Posted By: Date: May 13, 2010
Comment #1

အားပါးကောင်းလိုက်တာ

commentinfo By: maythoutkyar at Jun 21, 2010
Comment #2

ချစ်နေတယ်လည်းဆိုသေး နောက်ပိုင်းအပိုဒ်က

ကိုယ်အချစ်တွေနဲ့ မင်းနဲ့ ကိုယ်နဲ့
ကြည်နူးခဲ့တဲ့ အချိန်တွေကို
မင်းဆီက ပြန်မ၇တော့ချင်လည်း နေပါစေ

ဒီလိုဆိုတော့ ဘယ်လိုမြင်ယောင်ရမလဲဟင်….

commentinfo By: မနောဖြူလေး at Jun 21, 2010
Comment #3

အရင်က ကြည်နူးတဲ့ အချိန်တွေကို ပြန်မရချင်ဘူးဆိုပြီး နောက်ဆုံးကျ တော့ ဘာလို့ နောက်ဆုံးအနမ်း ဆိုပြီး တောင်းတာလဲ နည်းနည်း တ၇ားမလွန်ဘူးလား

commentinfo By: လင်းပိုင်လေး at Jul 3, 2010
Comment #4

ဟိုသီချင်းထဲကလိုပေါ့ ‘ နောက်ဆုံးတစ်ညတော့ နေခွင့်ပေးပါ၊ အာဟာဟာ……’

commentinfo By: Atheana at Jul 3, 2010
Comment #5

ကိုယ် ခန္ဒာကိုယ်ကြီးကို ကူညီတဲ့အနေနဲ့
မင်းဆီက နောက်ဆုံးအနမ်းလေး တစ်ပွင့်
ချွေချခဲ့လှည့်ပါကွယ်။

commentinfo By: chityellusoelay at Aug 19, 2011
Comment #6

@__@
@__@
@__@

commentinfo By: ei lay at Oct 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment