Professional Authors

သတိရခြင်း ကဗျာ

သတိရခြင်း ကဗျာ

* ငယ်ဦး…ဆိုတဲ့ ကဗျာဆန်ဆန်နာမည်ပိုင်ရှင်နဲ့ ဆုံခဲ့ရတဲ့နောက်ပိုင်းမှာ
ငါ့နှလုံးသားရဲ့သံစဉ်တေးဟာ မသာယာနိုင်ခဲ့တာ အတော်ကြာပြီ
´´ ချစ်သူစုံတွဲ “ ဆိုတဲ့ အဓိပါယ်ဟာလည်း
တစ်စစီလွတ်ထွက်နေတဲ့ ငါမပိုင်ဆိုင်သေးတဲ့ ဝေါဟာရတစ်ခု
အခုချိန်မှာ သတိရတယ်ဆိုတာထက် မေ့မရတာကခက်တယ်

* သူနဲ့နှစ်ယောက်အတူ ထိုင်ခဲ့ဖူးတဲ့ရက်စွဲတစ်ခုရဲ့ နွေးထွေးမှုမှာ
ကြယ်တွေစုံတဲ့ လပြည့်ညချမ်းရဲ့ ကြည်နူးမှုမျိုးတွေ
နောက်တကွေ့မှာပြန်တွေ့ရဖို့ မရေရာတော့တဲ့ ဘ၀ခရီးလမ်းခွဲတစ်ခုကို
အဖြူထည်သက်သက်နဲ့ သူ့ရဲ့ကောင်းကင်ဆီ သူပျံသန်းသွားခဲ့တဲ့နောက်
မမက်ခဲ့ရတဲ့ အိပ်မက်တွေအားလုံး ငါဆုံးရှုံးတယ်
ကြေကွဲတဲ့အတွေးတွေနဲ့ အွန်လှိုင်းပေါ် တက်လာတိုင်းမှာ
အစားထိုးမရတဲ့ ကွက်လပ်တစ်ခုရဲ့ ပြီးပြည့်စုံမယ့်အဖြေဟာ
ငါ့ရင်ခုန်သံနဲ့ဖူးပွင့်လာမယ့် သူ့ရဲ့ချစ်ခြင်းမေတ္တာပန်း တစ်ပွင့်တည်း

* တစ်ခါသာဆုံဖူးပေမယ့် တစ်သက်စာမေ့လို့မရလောက်တဲ့ အကြောင်း
စကားလုံးတွေနဲ့ ပုံဖော်ဖို့တောင် သတ္တိတွေဆွံ့အနေခဲ့ပေမယ့်
တောင်ကြီးနဲ့ရန်ကုန် ဆက်သွယ်ထားတဲ့ အွန်လှိုင်းတံတားပေါ်မှာ
ခံစားချက်တွေပါတဲ့ အလွမ်းပြေရောင်စုံစကားလုံးတွေနဲ့ စော့ကစားဖို့
ချက်တင်ဗောက်မှာ တဂျောက်ဂျောက် ရိုတ်သွင်းကာ
အရာရာဟာ ထိရှလွယ်တဲ့ ခံစားချက်တွေဖန်တီးပေးရင်း
တငွေ့ငွေ့လောင်မြိုက်လာတဲ့´´သတိရခြင်း“ဆိုတဲ့ သောကမြားချက်တွေကသာ
ငါ့နှလုံးသားကမ္ဘာရဲ့ ဗဟိုချက်မှာ ခိုင်မာစွာဆူးစိုက်ပါစေတော့လေ…..

* သြော်….သတိရလိုက်တာ ငယ်ဦးရယ်….

             ခွန်ကြယ်ဖြူ (ဆီဆိုင်)

In: ကဗျာ Posted By: Date: Jun 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment