Professional Authors

သတိရခြင်း – ရန်ကုန် (မနော်ဟရီ)

စိတ်ကိုင်းဖျားလေးပေါ်
သူလာနားပုံက
တစ်သက်ပတ်လုံးပြန်မပြေးတော့မယ့်ပုံ
ယုံကြည်ချက်ငွေ့အသက်တွေနဲ့
မိုးတွေညို့လိုက်လာခဲ့ပြန်တာ
တစ်နှစ်ပတ်လုံးမိုးရာသီ…

တစ်နှစ်ပတ်လုံးရွာထားမှတော့
အလွမ်းတွေက အပြိုင်းအရိုင်း
ထင်တိုင်းကျဲပေါက်ရောက်နေခဲ့ပြီပေါ့
ခုမှတော့ ..
အိပ်မက်တွေကိုတစ်စစီသိမ်းထုတ်
ကိုယ့်ဘာသာကိုယ်ယက်လုပ်ထားတဲ့
ရန်ကုန်ကိုပဲ ခြုံယူဝတ်ဆင်
ငါ့စိတ်တစပြင်ကိုငါ ယာယီလုံခြုံစေလိုက်ပြီ။
မနော်ဟရီ

/* စိုင်းလောဝ်ပိန်း ရဲ့ သတိရခြင်း-ရန်ကုန် ဆိုတဲ့ ကဗျာမှာ အစ်မ မနော် comment မှာ ရေးထားတာကို တွေ့လို့သိမ်းထားတာကို share လိုက်တာပါ.. */

Comment #1

အိပ်မက်တွေကိုတစ်စစီသိမ်းထုတ်
ကိုယ့်ဘာသာကိုယ်ယက်လုပ်ထားတဲ့
ရန်ကုန်ကိုပဲ ခြုံယူဝတ်ဆင်
ငါ့စိတ်တစပြင်ကိုငါ ယာယီလုံခြုံစေလိုက်ပြီ

commentinfo By: kophyo at Jun 1, 2010
Comment #2

အရမ်းကောင်းတဲ့ ကဗျာလေးပါ

commentinfo By: puhtuzin at Jun 2, 2010
Comment #3

ဒီကဗျာလေးကို ၀တ်ဆင်လိုက်တယ်……………

commentinfo By: lwantaycho at Jun 29, 2010
Comment #4

ရန်ကုန်ကို ခဏခဏလွမ်းတာနဲ့တော့ တူနေတယ်

commentinfo By: ချမ်းမြ at Jan 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment