Professional Authors

သတိရခြင်း အခမ်းအနား (၁)

ဒီနေ့ ငါလေ
မိုင်ထောင်ချီ အဝေးတစ်နေရာဆီ
မိုးလင်းက မိုးချူပ် စိတ်ကူးတို့
ခရီးနှင်နေမယ်
မိုးလင်းတာနဲ့ ခရီးစမယ်
မိုးချူပ်ထိ
မရပ်မနား ခရီးဆက်နေမယ့် အစီအစဉ် တစ်ခု ဆွဲထား ပြီးပြီ ။

ငါ နဲ့ ငါ့စိတ် တို့ ဒီနေ့ မအား မနား
ဘယ်သူမှ လာမနှောင့်ယှက်ကြရန်
အနူးအညွှတ် တောင်းပန်ပါတယ် ။

မိုးလင်းတာနဲ့ နင့်အကြောင်းက ငါ့ခေါင်းထဲ ရောက်လာမယ်
မင်းပုံရိပ်က ငါ့မျက်လုံး အဖွင့်အပိတ်တိုင်းမှာ ရှိနေမယ်
မင်းကိုယ်ငွေ့ ရနံ့လေးက ငါ့အသက်ရှု လမ်းကြောင်းတစ်လျှောက်
မင်းကိုယ်ငွေ့ ရနံ့လေးကို ရုရိုက်နေမယ်
ငါ့ခြေလှမ်းတိုင်းလည်း နင်ရှိတဲ့ အရပ်ဆီ ဦးတည်နေတယ် ။

ကိုယ်ပေါ်မှာလည်း နင်ကြိုက်တဲ့ အရောင်နဲ့
အ၀တ်အစားတွေပဲ တစ်နေ့လုံး ၀တ်ဆင်ထားမယ်
နင်အရမ်းကြိုက်တဲ့ ဆာဗူသီးနဲ့ပဲ
တစ်နေ့လုံး ဗိုက်ဖြည့်ထားမယ် ။

နွေပူပူထဲမှမို့ နင့်ကို သတိရတဲ့ အနေနဲ့
ရေစာရင် ရေခဲရေပဲ သောက်နေမယ်
အဖြူကြိုက်တဲ့ ကျွန်တော်
ဒီနေ့ အဖြူ မခြယ်
ကြီးကြီးကျယ်ကျယ်တော့ မဟုတ်
နင့်ကို သတိရတဲ့ အခမ်းအနားလေးမှာ
နင့် အကြိုက်တွေနဲ့ ကိုယ်နေပေးမယ် ။

၁၁ မတ်လ ၂၀၁၁ ခုနှစ် ( ၆လပြည့် )” …….. ”သတိရခြင်း
နင့်အကြောင်း ဘယ်တုန်းကမှ ငါ့ဖက်က အမြင်မစောင်း
ငါ့ကိုငါ လည်း ဘယ်တုန်းကမှ အထင်မကြီး
နင့်လုပ်ရက်တွေတိုင်းလည်း ငါ့ဖက်က ဆန့်ကျင်မဲ
တစ်ခါမှ မပေးခဲ့ဖူးဘူး……

ခဏ ခဏ ရန်မစပေမယ့်
ခဏ ခဏ မျက်စောင်းလှလှ ထိုးတတ်တဲ့
နင့်အကျင့် …
 …နင့် ကို ဒီနေ့ အရမ်း သတိရတာပဲ … ။
ငါ သတိရသလို နင်လည်း သတိရနေမှာပဲနော် …..။

In: ကဗျာ Posted By: Date: Mar 12, 2011
Comment #1

ခဏ ခဏ ရန်မစပေမယ့်
ခဏ ခဏ မျက်စောင်းလှလှ ထိုးတတ်တဲ့
နင့်အကျင့် …
…နင့် ကို ဒီနေ့ အရမ်း သတိရတာပဲ … ။

commentinfo By: angel at Mar 12, 2011
Comment #2

ခံစားချက်တွေကတော့ goodတွေပဲ

commentinfo By: genius.jinx28 at Mar 12, 2011
Comment #3

နွေပူပူထဲမှမို့ နင့်ကို သတိရတဲ့ အနေနဲ့
ရေစာရင် ရေခဲရေပဲ သောက်နေမယ်
အဖြူကြိုက်တဲ့ ကျွန်တော်
ဒီနေ့ အဖြူ မခြယ်
ကြီးကြီးကျယ်ကျယ်တော့ မဟုတ်
နင့်ကို သတိရတဲ့ အခမ်းအနားလေးမှာ
နင့် အကြိုက်တွေနဲ့ ကိုယ်နေပေးမယ် ။
………………
တကယ်နှစ်သက်သွားတယ်

commentinfo By: အသဲကွဲမိုး at Mar 12, 2011
Comment #4

ကျေးဇူးပဲ

commentinfo By: gadounlay at Mar 12, 2011
Comment #5

ကောင်းတယ် ကဗျာလေးက… ရင်လှိုက်သံတွေ ပါနေတယ် ကဗျာထဲမှာ………

Comment #6

he,,he,,
so nice

commentinfo By: ei lay at Dec 13, 2011
Comment #7

dar pop,,ta ti ya tar poo
myit tar so tar yaung pyan de lay

commentinfo By: ei lay at Feb 12, 2012
Comment #8

နင့်လုပ်ရက်တွေတိုင်းလည်း ငါ့ဖက်က ဆန့်ကျင်မဲ
တစ်ခါမှ မပေးခဲ့ဖူးဘူး……
စာသားက အလာကြီးပါလား
ဖတ်သွားပါတယ် ~

With respect,
RAY

commentinfo By: X - ray at Jan 28, 2013
Comment #9

Be hna khar phat phat a mye tann lann de

commentinfo By: ei lay at Jan 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment