Professional Authors

သတိရခြင်း-၂

နာကျင်ခြင်း ၈၀ ကြည်နူးခြင်း၂၀ ပါတဲ့သတိရခြင်းကို
ဘယ်သူကလိုချင်မှာတဲ့လဲ
ဒါပေမယ့်လည်းမတတ်နိုင်ဘူး
ဒီအတိုင်း ဖြတ်သန်းနေရတာပဲ။

ဆပ်ပြာပူပေါင်းလေးကို ဖမ်းဆုတ်ရသလိုပဲ
ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်း ကတစ်ပြိုင်ထဲရောက်လာတာ
အချစ်က ပြေးပွဲ မဟုတ်တော့
ဦးဆုံးပြေးတာနဲ. မဆိုင်ခဲ့ဘူး။

အပြစ်မတင်ပါဘူး
မင်းပြန်မချစ်တာ အမှားမှမဟုတ်တာ
မင်းကိုချစ်မိတာပဲမှားသွားတာ။

မင်းနဲ.ဝေးခဲ့တာ သုံးနှစ်
ရက်စွဲတွေကိုရေတွက်လို.ရတယ်
ကြေကွဲမှုကိုရေတွက်လို.မရဘူး။    ။

In: ကဗျာ Posted By: Date: Nov 22, 2010
Comment #1

ဆပ်ပြာပူပေါင်းလေးကို ဖမ်းဆုတ်ရသလိုပဲ
ပိုင်ဆိုင်ခြင်းနဲ့ ဆုံးရှုံးခြင်း ကတစ်ပြိုင်ထဲရောက်လာတာ

ကောင်းလိုက်တာ အစ်ကို မော်နီရယ်
တွေးတတ်ရေးတတ်ပ ဗျာ

commentinfo By: ကိုဇင် at Nov 22, 2010
Comment #2

ပထမအပိုဒ်ကို အရမ်းကြိုက်တယ်ဗျာ
ကျေးဇူးတင်တယ်
အဲလိုရေးထားနိုင်လို့
ပျော်ရွှင်ပါစေ………………..

commentinfo By: မွန်စိုက် at Nov 22, 2010
Comment #3

တစ်ခုဘဲမေးချင်ပါတယ် အကိုဘာဆေးစားလဲဟင်…….

commentinfo By: မုဆိုး at Nov 23, 2010
Comment #4

ကျွန်တော်သိတယ်ဗျ

အဲဒါအလွမ်းဆေး!

commentinfo By: ကိုဇင် at Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment