သတိရခြင်း
တစ်ခါတစ်ရံတော့လည်းလေ
အတိတ်ရဲ့မျက်စောင်းထိုးမှာရှိနေတဲ့
အလွမ်းတချို့ဟာ
အတွေးတွေထဲ ကို 
စိတ်ကူးတွေထဲ ကို 
ကူးချေ သန်းချေ
လုပ်နေကြလေရဲ့
မနိုင်တဲ့  အဆုံး
လက်မြောက်အရှုံးပေးတာတောင်
ခွင့်လွှတ်မပေးနိုင်တဲ့သူ
ကျူပင်ခုတ်ကျူငုတ်မကျန်တဲ့လေ
ကျွန်တော် ကိုတင်မက
ကျွန်တော့် အသည်းကိုပါ
ချိတ်ပိတ်ခဲ့လေသူ
သူမ မှ သူမ ဖြစ်ခဲ့တဲ့ ကျွန်တော်
နင်ကို ငါက 
နင့်ကို ငါက နဲ့
စကားတွေ နဲ့ အနိုင်ယူ
ှနှလုံးသားကို ခွဲ 
အသည်းကို ဆွဲဆုတ်
အိပ်မက်ထဲ ကို 
အဆိပ်ခတ် 
ကျွန်တော့် အတွေးတွေ ကို 
ရက်ရက်စက်စက် 
သတ်ပစ်ခဲ့သူလေ
ချစ်တာနဲ့မတန်
မေတ္တာနဲ့ မဟန်သူ
ထားပါတော့နောက်ဆုံး
ကျွန်တော် သူမကို 
အတိတ်ဆိုတဲ့တံခါးနဲ့ပိတ်
ဥပက္ခာဆို တဲ့
သော့နဲ့ခတ်နိုင်ခဲ့ပြီ…..။
မင်းလည်း…………………။
Comment #2
e lo phyit naing de so dar ko moe g 1 ke ma chit loh pe phyit ya me.
Hint..
1 ke hnit hnit kar kar ne chit de so yin a khu lo yet yet sat sat loak naing hmar hote bu,
🙁
kaung ma lay ta nar par de naw
 By: ei lay at Jul 27, 2012
                        By: ei lay at Jul 27, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
aww,,,ta ti ya chin so tar dar ko.