Professional Authors

ရည်းစားစာ

ရည်းစားစာ

ငါ့နံရိုးတချောင်းနဲ့မင်းကိုဖန်ဆင်းလိုက်ချင်တယ်
ဗီးနပ်ဌက်တွေလိုမီးထဲခုန်ချလို့ရရင်လည်းကောင်းသား
မိုနာလီစာအပြုံးဟာ
ဘာလို့ကမ္ဘာကျော်လဲဆိုတာလည်း
ခုမှကျတော်သိတယ်
အလကားနေရင်း လျာဘဲကိုက်မိနေတယ်
မနေ့ကစဉ်းစားမိတဲ့မင်းအကြောင်း
ဒီနေ့လည်းစဉ်းစားမိတယ်
အချစ်ရယ်
ကြယ်လေးတလုံးဆိုလည်း
ငါကြွေပြချင်ပါရဲ့
မင်းဆုတောင်းပြည့်အောင်လို့ပေါ့
ဒီလိုနဲ့မင်းကိုမျော်လင့်ရင်း

ငါ့နံရိုးတချောင်းပြုတ်ခဲ့ပြီ
အတောင်ပံတွေမီးကျွမ်းကုန်ပြီ
ကိုယ့်လျာကိုယ်ပြန်သပ်မိရင်းက
ကျွဲမြှီးမတိုအောင်အာသာဖြေနိုင်ဖို့
စကားတခွန်းကို ဝါကျဖွဲ့မိတယ်
ချစ်သူရယ် ချစ်တယ်။

လမင်းပိုင်

In: ကဗျာ Posted By: Date: May 29, 2013
Comment #1

မနေ့ကစဉ်းစားမိတဲ့မင်းအကြောင်း
ဒီနေ့လည်းစဉ်းစားမိတယ်
အချစ်ရယ်
ကြယ်လေးတလုံးဆိုလည်း
ငါကြွေပြချင်ပါရဲ့………………..

ကြိုက်တယ်ဗျာ…….။ ။

commentinfo By: werewolf at May 29, 2013
Comment #2

ကောင်းပါပေ့

commentinfo By: မေပျို at May 29, 2013
Comment #3

ထမင်းဘယ်လောက်ကောင်းကောင်းစပါးလုံးပါရင်…စားရတာfeel ပျက်သလို…ကဗျာလေးကကောင်းပေမယ့်…စာလုံးပေါင်းတွေမှားနေတော့….ဖတ်ရတာအဆင်မပြေဘူး…bro

commentinfo By: niaallin at May 30, 2013
Comment #4

အရမ်းကြိုက်တယ်။

commentinfo By: phyoe at May 30, 2013
Comment #5

အမြဲတမ်းအားပေးနေမယ်နော်။

commentinfo By: phyoe at May 30, 2013
Comment #6

How r u?

commentinfo By: khai at May 30, 2013
Comment #7

talkkdf

commentinfo By:ဲမြတ်သူ at May 30, 2013
Comment #8

ဘ၀ဟာ သီချင်းတစ်ပုဒ်ဆိုရင် အချစ်ဟာ အဆိုတော်ပါ။ အဆိုတော် တစ်ယောက်ကသီချင်းတည်ထားတာပါ၊ အချစ်ကလည်း ဘ၀ကိုတည်ဆောက်ထားတာဆိုတော့

commentinfo By:ဲမြတ်သူ at May 30, 2013
Comment #9

ငပေါ

commentinfo By:ဲမြတ်သူ at May 30, 2013
Comment #10

တကယ် ကြိုက်တယ်ဗျာ

commentinfo By: အရိပ် at May 30, 2013
Comment #11

ငါ့နံရိုးတချောင်းနဲ့မင်းကိုဖန်ဆင်းလိုက်ချင်တယ်
ဗီးနပ်ဌက်တွေလိုမီးထဲခုန်ချလို့ရရင်လည်းကောင်းသား

ကျွန်တော်ကဗျာတပုဒ်လုံးကိုကြိုက်တယ်ဗျာ
ဒါပေမယ့် တခုပဲ
ဖီးနစ် Phoenix ဌက်မဟုတ်လားဗျ ..မီးထဲခုန်ချတာလေ …

ခင်မင်မှုသက်သက်နဲ့ပြောတာပါခင်ဗျာ .လွန်တာရှိဝန်တာမိပါ

commentinfo By: အသဲကွဲမိုး at May 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment