Professional Authors

နောက်ဆုံးပေါ် ရည်းစားစာ (မိုးထက်အောင်)

နောက်ဆုံးပေါ် ရည်းစားစာ

တစ်ဝက်တစ်ပျက်…….
လခြမ်းသေးသေးလေးက ခပ်ရေးရေးသာတဲ့ည
ခုံးမျက်စဆိုလား သုံးရက်လဆိုလား
ဘာဆိုလား ညာဆိုလား…….
……………………………………………………

(မသိဘူး……သွား)
ဒီရင်ဘတ်က……
………………………………
လမင်းဝှက်တမ်း ကစားစရာနေရာမဟုတ်ဘူး
မယုတ်မလွန်တွေးလည်း
ဒီကောင်လေး နင့်ကိုချစ်တာသေချာတယ်

(မယုံရင်မေးကြည့်…….)
အိမ်မက်တွေ မပြင်မဆင်နဲ့ 
ဟိုးးးးးကောင်းကင်ကြီးပေါ် အပွင့်လိုက်ပစ်တင်ထားတယ်
(ကြည့်လေ…….)
တိမ်တွေထဲမှာ အဆုပ်လိုက်ပွင့်ဝေတယ်

ရင်ဘတ်ဦးရေ……
အိမ်မက်တွေမြူးဖို့ 
အထူး ဆိုတဲ့စကားခံပြီး
ချစ်တယ် လို့ ဖြေစမ်းပါ
(ကျုပ်နေရာမှာ…….)
မိုး ရွာမှသာယာမယ်……
…………………………………….

လူတစ်ယောက် ကဗျာတစ်ပုဒ်
ရာဇ၀င်ထဲက ဆွဲထုတ်လိုက်တယ်
(မယုံမရှိနဲ့ ……..)
ကျွန်တော်ခင်ဗျားကိုချစ်တာ
နတ် လူ ဗြဟ္မာ အားလုံးကြေငြာမယ်…..
…………………………………………………..

(မသိဘူး……သွား)
မယုတ်မလွန်တွေးလည်း
ဒီကောင်လေးနင့်ကိုချစ်တာ သေချာပါတယ်ဗျာ……
………………………………………………………………….။

မိုးထက်အောင်

In: ကဗျာ Posted By: Date: Jul 26, 2011
Comment #1

တကယ်ကိုကြိုက်တယ်ဗျာ…ကဗျာလေး…ချစ်ဖို့ကောင်းတယ်

commentinfo By: အသဲကွဲမိုး at Jul 26, 2011
Comment #2

ဟိုး……..ကောင်းကင်ကြီးပေါ် အပွင့်လိုက်ပစ်တင်ထားတယ် စကားလုံးတွေက သေလို့ရတယ်ဗျာ။ ကဗျာလေးကောင်းလို့ comment ပေးသွားပါတယ်။

commentinfo By: Nay Chi at Jul 26, 2011
Comment #3

(မသိဘူး……သွား)
မယုတ်မလွန်တွေးလည်း
ဒီကောင်လေးနင့်ကိုချစ်တာ သေချာပါတယ်ဗျာ……
………………………………………………………………….။

commentinfo By: nanpyisoke at Jul 27, 2011
Comment #4

ကြိုက်သွားပြီ ကိုမိုးထက်အောင်….။
အားပေးနေလျက်ပါ……။

Comment #5

မိုက်တယ်ဗျာ

commentinfo By: HEROSMITH at Jul 27, 2011
Comment #6

သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်ဗျာ….
ခင်မင်လေးစားလျှက်….. 🙂

commentinfo By: moehtetaung18 at Jul 27, 2011
Comment #7

လူတစ်ယောက် ကဗျာတစ်ပုဒ်
ရာဇ၀င်ထဲက ဆွဲထုတ်လိုက်တယ်
(မယုံမရှိနဲ့ ……..)
ကျွန်တော်ခင်ဗျားကိုချစ်တာ
နတ် လူ ဗြဟ္မာ အားလုံးကြေငြာမယ်…..well done~

commentinfo By: ဖိုးနမ်း at Jul 28, 2011
Comment #8

ဒီရင်ဘတ်က
လမင်းဝှက်တမ်း ကစားစရာနေရာမဟုတ်ဘူး စကားလုံးတွေတော်တော်လှတယ်ဗျာ။

commentinfo By: X - ray at Jul 28, 2011
Comment #9

ကြိုက်တယ် အစ်ကိုရေ

commentinfo By: မိုးသစ်လေပြေ at Jul 28, 2011
Comment #10

သူငယ်ချင်းအားလုံးအထူးကျေးဇူးတင်ပါတယ်
တကယ်ဗျာ……. 🙂

commentinfo By: moehtetaung18 at Jul 28, 2011
Comment #11

လမင်းဝှက်တမ်း ကစားစရာနေရာမဟုတ်ဘူး
မယုတ်မလွန်တွေးလည်း
ဒီကောင်လေး နင့်ကိုချစ်တာသေချာတယ်..။
အားပေးသွားတယ်ဗျာ……။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #12

wow,,,’so much cute

commentinfo By: ei lay at Aug 24, 2011
Comment #13

သူငယ်ချင်းအားလုံးကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: moehtetaung18 at Jan 22, 2012
Comment #14

Ayan chit pho kg tr pl…kywar..^^

commentinfo By: shwezin myatno at May 30, 2013
Comment #15

မိုက်တယ် စကားလုံးလေးတွေက ချစ်စရာလေး 🙂

commentinfo By: raingirl at May 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment