ရည်းစားစာ – ၂ + ၃
ကျွန်တော် … post တွေပြန်စစ်ကြည့်ရင်း ဒီဆိုက်လေးမှာ .. ရည်းစားစာ 1 နှင့် 4 ကိုပဲတင်ထားတာတွေ့လို့ ပြီးတော့ ..
ဘယ်သူရှိမလည်းဗျာ.. ဒေါ်အိပေါ့ ကျွန်တော့်ကဗျာတွေကို ဖတ်ရမှာ ကြောက်တယ်ဆိုတဲ့ ကောင်မလေး.နဲ့ ..ကျွန်တော့် စာတွေကို အချိန်ပေးဖတ်တတ်တဲ့ ချစ်မောင်နှမတွေ ပြုံးပျော်စေဖို့ ရည်ရွယ်ပြီး ..2+3 ကို တင်ပေးလိုက်ပါတ.ယ်..
————————————————————————————————————————————–
ငါအလုပ်တွေအရမ်းရှုပ်နေသလို ဖြစ်နေပေမယ့် နင့်ကိုလွမ်းဖို့တော့ အတော်အားနေသေးတယ်
နင်သိတဲ့အတိုင်း ငါမရှိရင် နင့်ကို ဘယ်ကောင်ကများ လာinvite နေမလည်း ဆိုပြီး
တွေးတွေး အူတိုရတာငါ့မှာအမောငါ့အပြောတွေကို နင် ရိုးသွားမှာစိုးလို့  အလုပ်လုပ်နေတဲ့ကြားက
စကားလုံးသစ်တွေလည်း စဉ်းစားရသေးတယ်နင်ငေးနေတဲ့နေရာမှာ ငါရှိနေဖို့ ဆုတောင်းရင်း
အလုပ်တွေအမြန်ပြတ်ပါစေတော့။ နင်နဲ့ချက်နေရင် ဟိုဘက်သည်ဘက်တောင်ငါလှည့်မကြည့်ဖြစ်ဘူး
အချိန်ကုန်မှာစိုးလို့ ။ သိလား နင့်ကိုငါ အဲသလောက်ထက်တောင် ပိုချစ်တယ် ။ နင်လည်းငါ့ကိုချစ်တယ်
လို့ တရားသေတွက်ရင်း နင့်အမြင်မှာ ငါဆိုတာ အမှတ်ပြည့်ရှိနေချင်တယ် ။ခုဒီစာရေးနေတုန်း ငါ့ကို
ဟိုcheck ဒီcheck ဂျာဂျာMen က လာကြည့်နေသေးဒါတွေငါဂရုမစိုက်ပါဘူး နင့်ကိုတွေ့ရင်
ငါအားစိုက်ထားတဲ့ ဒီစာလေး ပြပြီး အမှတ်ယူရဦးမယ်လေ
ဒါပေမယ့် နင့်သူငယ်ချင်းတွေတော့ ဒီစာမတွေ့စေနဲ့ သူတို့နင့်ကို မနာလိုဖြစ်ပြီး သတ်ပြစ်ကြလိမ့်မယ်
၊ဟော နင်ဖတ်ရင်းပြုံးနေတယ်မှတ်လား နင်ကသိပ်ချောတာပဲ။အဲအပြုံးတွေပေါ့ ငါ့အမောတွေကို
ပြေပျောက်စေနိုင်တာ ၊ ငါonline ပေါ်ပြန်ဝင်လာတော့မယ် သိလား နင်ရှိထားမယ့် ငါ့ chat box လေး
ဆီကိုပေါ့ …..ဒါနဲ့ ..နင့်ကိုပြောရဦးမယ် …တအားလွမ်းတယ် ဟာ
………………………………………………………………………………………………………………………………………………………
ပြန်ဝင်လာပြီဆိုမှ အရေးထဲ ကွန်နက်ရှင်ကစုတ်နေသေး ..ဒီကောင်သာ လူဖြစ်လို့ ကတော့
ငါ့လက်တင်မဟုတ်ငါ့အလွမ်းနဲ့တင် ပိ သေပြီ။ ဘာကောင်မှန်းမသိဘူး နင်..ငါ့ကိုမျှော်နေရှာပဲ
ငါသနားလိုက်တာ အချစ်ရယ် အဆင်မှပြေပါလေစငါ့ကိုမမြင်ဘူးဆိုပြီး သူများတွေနဲ့ ချက်မနေနဲ့ဦးနော် ..
နင်က တော်ကီက ခပ်များများရယ် ..တော်ကြာပွားနေမှဖြင့်
ငါ့ရင်ကွဲရချည်ရဲ့…
……………………………………………………………………………………………………………………………………………
..ငါတော်တော် စိတ်ကုန်နေပြီ နင်မရှိတဲ့ ငါ့ စက္ကန့်တွေနဲ့မိနစ်တွေ က ဘယ်မသာနဲ့မှ
ယှဉ်မရအောင်ရုပ်ဆိုးလွန်းတယ်ဒါတွေနင်သိရင် ငါ့ကို ဘယ်တော့မှ ပြစ်မသွားပဲ ချစ်ရမယ်နော်
ဒါပဲဟာ ..ကွန်မကောင်းဘူးဆိုတော့ ငါ ဒေါသတွေပါလာပြီ နင့်ရှေ့မှာဆိုငါက သိပ်နူးညံ့တဲ့ ကောင်ပဲဖြစ်ချင်တာ
…………………………………………………………………………………………………………………..
နင်နဲ့ပြန်ဆုံရမယ့်အချိန်ကိုတွေးရင် ငါအလုပ်လုပ်..ငါ့ရုပ်ကြီး ပြုံးဖြီးဖြီးဖြစ်နေလို့
ငါ့ကို ဂျာဂျာ က သိပ်မကြည်ဘူး .နင်တော့ဘယ်လိုနေမလည်းမသိ အချိန်နီးလေ ..
ငါပျော်လေနဲ့ ငါမော်ကြွားခွင့်ရခဲ့တဲ့ နင့်အချစ်တွေအတွက် အွန်လိုင်းကိုကျေးဇူးတင်မဆုံးဘူး။
ငါမပြုံးနိုင်ခဲ့တဲ့ ပြက္ခဒိန်ကို နင်ဆွဲစုတ် လို့  ငါ့ကို နင် လက်တွေ့ဘ၀ထဲ ခေါ်ထုတ်ခဲ့တဲ့အကြောင်းကို
ငါပြန်တွေးရင်း.. နင်ဟာငါ့ရဲ့ဘုရားကပေးတဲ့ ဆုလာဒ်ဆိုတာ ပိုသေချာလာတယ်
ဒီအကြောင်းတွေသိရင် နင် မမောက်မာရဘူးနော်နင်ကသဘောကောင်းတယ်ဆိုပေမယ့်
ငါ့လောက်တော့မဟုတ်သေးတော့ နင်စိတ်ဆိုးမှာလည်းငါကကြောက်ရသေးတယ်
နင်ငါ့ကို နည်းနည်းစိတ်တိုလာပြီမှတ်လား ငါစတာပါဟာနင်က စိတ်ဆိုးလည်း ပြစ်မျိုးမှဲ့မထင်
မျက်နှာထားမျိုးမို့ပါငါ့တော့မမှီဘူးပေါ့နော်၊ငါလို့ကောင်က နင့်အချစ်ရတော့
ဘယ်သူ့မှတောင် လူထင်ချင်တော့တာမဟုတ်ဘူး နင်မြင်တဲ့အတိုင်း
မြှောက်ကြွမြောက်ကြွဖြစ်နေတာ။နင့်ဘက်က ဘယ်လိုရှိရှိပါ ငါရူးတာ နင်သိတာမှမဟုတ်ပဲ
ငါကတော့ နင်မချစ်လည်း ချစ်မှာပဲ ပြစ်မသွားပါနဲ့လို့ငါ ထပ်တောင်းပန်တယ်
အထီးကျန်မှုဆိုတာ ငါ့ကမ္ဘာမှာမင်းမူနေတာကြာတော့
နင်မရှိဘူးဆိုခဲ့ရင် ငါသတ်သေလိုက်တာအကောင်းဆုံးပဲ
……………………………………………………………………………………………………………………………………………………………
Comment #3
Oh my god
Oh my god.
Ma Moe ka dot loak cha like pyan p kwar.
Bar loh e lout chit phoe Kaung aung daw nay ya Dar tone loh.
Po chit twar p.
😛
Million Thz.
Billion Thz.
Trillion Thz.
By: ei lay at Jan 21, 2013
Comment #4
45 mins kyar aung,,,,
10 khout ti ti,,,
Non-stop,,,
Kyi nuu hnit thet hmu myar swar doe phyit,,,
Pyone shwin swar,
Hna lone tarr phyit khan sarr arr pay par de.
Ps……Tet kwya lann sann twar par de shint.
By: ei lay at Jan 21, 2013
Comment #5
ငါအလုပ်တွေအရမ်းရှုပ်နေသလို ဖြစ်နေပေမယ့် နင့်ကိုလွမ်းဖို့တော့ အတော်အားနေသေးတယ်
ဟုတ်တယ်မိုးရေ ကေ လည်း အဲလိုပဲ… 🙂
By: ကေသရီ at Jan 22, 2013
Comment #6
အားပေးနေတယ် အစ်မ ရေ။ မအားတာနဲ့ အစ်မကဗျာတွေတောင်တော်တော်လွှတ်သွားတယ်ဗျာ။
By: အရိပ်ကလေး at Jan 22, 2013
Comment #7
Made me Big bigger biggest Smile every sentences.
By: ei lay at Jan 22, 2013
Comment #8
Make me big bigger biggest smile. (Every sentences)
🙂
By: ei lay at Jan 22, 2013
Comment #9
အစ်မတော်မိုးက ဒီလိုပေါ့ပေါ့ပါးပါးကဗျာလေးတွေလည်း ရေးတတ်တာဘဲ
ဖတ်လို့ကောင်းသဗျ
အစ်မတော်မိုး ဒီရက်ပိုင်းတင်တဲ့ကဗျာအကုန်လုံးမဖတ်ဖြစ်တာ sorry ပါဗျာ ကျွန်တော်လည်း ဒီရက်ပိုင်းမအားတာနဲ့ ကဗျာဆိုဒ်ကိုမလာဖြစ်တာ ~~
With respect,
RAY
By: X - ray at Jan 24, 2013
Comment #10
I salute u,,ma Moe.
U have full talents in writing.
Plz Create many stories,books,poems.
I believe u.
By: ei lay at Jan 27, 2013
Comment #11
မိုက်တယ်……
By: moehtetaung18 at Feb 2, 2013
Comment #12
one ofy favourite
By: ei lay at Feb 6, 2013
Comment #13
one of my favourite
By: ei lay at Feb 6, 2013
Comment #14
သဘောကျနှစ်သက်ဖတ်သွားတယ်ခင်ဗျ 🙂
By: မာန်ခက်ဝင့် at Feb 8, 2013




Comment #1
အရမ်းကြိုက်လို့ ကူးသွားတယ်ဗျာ….
😀