Professional Authors

တမြေခြား

သစ်ရွက်တွေကြွေနေတာ…ဆောင်းကုန်လို့လား…
နွေဦးရယ်မို့များလား…။

အလွမ်းတွေက…နှစ်ကူးချိန်မှာ..ရေမျောမသွားတာ
ငါပဲ…ကံဆိုးတာလားဆိုတာ…မင်းမှတပါး…
တခြားသူမသိနိုင်ပါဘူးလေ ။

ငါတို့သာသိတဲ့…..ရင်တွင်းဖြစ်တွေ…
မင်းဘယ်သူ့ကို…ကြေညာဦးမတဲ့လဲ ။

အေးလေကွယ် ။

မနေ့ကလည်း…မင်းကိုမျှော်တယ် ။

ဒီနေ့လည်း…မင်းကိုမျှော်တယ် ။

မနက်ဖြန်လည်း…မင်းကိုမျှော်ရဦးမယ်ဆိုတာ…
သိနေမယ်ဆိုရင်လေ………

မေရယ်…..
အထင်တော့မလွဲလိုက်ပါနဲ့ဦးကွယ် ။

In: ကဗျာ Posted By: Date: Apr 23, 2014
Comment #1

အလွမ်းတွေက…နှစ်ကူးချိန်မှာ..ရေမျောမသွားတာ
ငါပဲ…ကံဆိုးတာလားဆိုတာ…မင်းမှတပါး…
တခြားသူမသိနိုင်ပါဘူးလေ ။
………………………

အားပေးသွားပါသည်။

commentinfo By: နွေ at Apr 24, 2014
Comment #2

အလွမ်းတွေက…နှစ်ကူးချိန်မှာ..ရေမျောမသွားတာ
ငါပဲ…ကံဆိုးတာလားဆိုတာ…မင်းမှတပါး…
တခြားသူမသိနိုင်ပါဘူးလေ ။

commentinfo By: နွေ at Apr 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment