Professional Authors

အိပ်မက်ကြွေသံ (night^ )

ချစ်တယ် …
ရယ်သံတွေ စွက်နေပေမယ့်
ငါ့ ရင်ခွင်အက်သံကိုတော့ ကြားရမှာပဲ

ချစ်တယ် …
ဒီစကားက လေးနက်နေလည်း
ချစ်သူကိုယ်တိုင် ပြုံးပန်း သက်တော့
ဟာသ တကွက်လို ပြောလိုက်ရပြန်ရော

ချစ်တယ် …
အထပ်ထပ်ပြောရင်း
အဆင်းအရောင်တို့ လွင့်ပြယ်
မင်း ပြက်ရယ်ပြုပါကွယ်

ချစ်တယ် …
ပန်းချီမဲ့တဲ့ ကမ်းဗတ်(စ်)
ငါ့မီးပြတိုက်ရဲ့
ဖြူဆွတ်ဆွတ် အလံတလက်ဖြစ်တယ်

ချစ်တယ် …
ဒီမဟာတံတိုင်းကို
ငါကိုယ်တိုင် ဖွင့်လှပ်ပေးမယ်
သံလျှက်မပါပဲ အုပ်စိုးစမ်း

ချစ်တယ် …
ဝတ်မှုန်ကူးပြီးစ
စံပယ်ဖူးလေးလို
မင်းနှုတ်ခမ်းအတွက် ရူးမူးခဲ့တဲ့ကောင်ပါ

ချစ်တယ် …
အနာဂတ် ကမ်းပါးမှာ
အဆိပ်သင့်လို့ ခါးမယ့် စကား
ပျားရည်တခွက်လိုသာ ပြောသွားပါရစေ

ချစ်တယ် …
မင်း နှုတ်ဖျားလဲ့မှာ
ပဲ့တင်မထပ်ပေမယ့်

သဲ့သဲ့လေးတော့ ကြားသွားပါ
ချစ်သူရယ်
ချစ်တယ် …

night^

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

သတိထားမိတယ်
ခင်ဗျားကဗျာတွေကောင်းတယ်

commentinfo By: linlin at Jun 4, 2010
Comment #2

မဆိုးပါဘူး
ကောင်းပါတရ်
နှုတ်ဖျားလဲ့မှာနှုတ်ခမ်းဖျားထက်မှာဆိုရင်ပိုကောင်းမယ်
ကျွန်တော်ဆရာလုပ်ါတာမဟုတ်ပါဘူး
ခင်လို့ပါ

commentinfo By: မြတ်မင်းဇော် at Jun 4, 2010
Comment #3

i love this love …………………

commentinfo By: thuthu at Jul 4, 2010
Comment #4

‘ချစ်တယ် …
မင်း နှုတ်ဖျားလဲ့မှာ
ပဲ့တင်မထပ်ပေမယ့်

သဲ့သဲ့လေးတော့ ကြားသွားပါ
ချစ်သူရယ်”
ဆိုတဲ့စာပိုဒ်လေးကိုကြိုက်လို့ copy လုပ်သွားပါတယ် နော်…….ကျေးဇူး………….

commentinfo By: မန်းကလေး at Jul 13, 2010
Comment #5

အရမ်းကောင်းတဲ့ကဗျာလေးပါ
ချစ်တယ် …
ရယ်သံတွေ စွက်နေပေမယ့်
ငါ့ ရင်ခွင်အက်သံကိုတော့ ကြားရမှာပဲ

ဆိုတဲ့စာသားလေးတကယ်မိုက်တယ်

commentinfo By: ဖြိုး at Oct 2, 2010
Comment #6

ချစ်တယ်ဗျာ … ဟိဟိ

commentinfo By: chityellusoelay at Aug 18, 2011
Comment #7

excellent.

commentinfo By: ei lay at Aug 19, 2011
Comment #8

နှမြောလိုက်တာ.. ဗျာ

commentinfo By: TK at Nov 9, 2012
Comment #9

NICE WRITING ~~

commentinfo By: X - ray at Dec 19, 2012
Comment #10

Feel again

commentinfo By: ei lay at Dec 20, 2012
Comment #11

ချစ်တယ်

ကဗျာကိုပြောတာ 😛

commentinfo By: နိုးဆက် နေ့ at Mar 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment