Professional Authors

အဖြူရောင်လေးသို့ 

အဖြူရောင်လေးသို့

မနက်ခင်းတိုင်း ပါးကွက်လေးကို
ငေးမျှော်ခွင့်ရဖို့  မျှော်လင့်ရင်း
ကျောင်းပိတ်ရက်တွေကို မုန်းတယ်

တမ်းတတိုင်း အဲ့ဒီရနံ့ တွေက
တသင်းသင်း
ဘယ်နတ်ဆိုးရဲ့ ပြုစားမှုနဲ့
ငါ့ချစ်သူက ဖုန်းမကိုင်တာလဲ

အောက်စီဂျင်ကို ရှုရှိုက်မိတိုင်း
နင့်ကို သတိရတယ် ချစ်သူရယ်
ကော်ဖီတစ်ခွက်နဲ့ သီချင်းတစ်ပုဒ်
စာရွက် ဘောလ်ပင်နဲ့ ကဗျာတစ်ပုဒ်
မိုးစွတ်ညနဲ့ အိပ်မက်ချိုချို တစ်ပုဒ်
အဲဒါတွေနဲ့အတူ
နင်ပါရှိရင် ငါ့ဘ၀ က ရွှေရောင်များတောက်သွားမလား

ဆံနွယ်တွေကြားက နားရွက်လေးကို
ချစ်တယ်
ဖြူဖွေးတဲ့ ပါးပြင်ပေါ်က သနပ်ခါးပါးကွက်လေးကို
ချစ်တယ်
ပြီးတော့
ရူးတော့မှာပဲ နတ်သမီးရယ်
နင်နဲ့ပတ်သက်သမျှအရာအားလုံးကို
ငါ ချစ်နေတယ်

ခြေလှမ်းတွေေ၇ှ့ ကို တိုးတိုင်း
ကြက်ခြေခတ်တွေက ဘာလို့ ပေါ်ပေါ်လာတာလဲ
ကြာရင်
ဗီးနပ်စ်နဲ့ ကျူးပစ်ကို ငါ သတ်မိတော့မယ်

ချစ်သူရယ်
နင်တစ်ယောက်အတွက်နဲ့
ငါ ဆိုတဲ့ကောင်လည်း
တစ်ယောက်တည်း ရူးတတ်နေပြီ
ကျေးဇူးပြုပြီး
အဝေးကို မသွားပါနဲ့နော်…။

                              

                                                 မိုးအိမ်
In: ကဗျာ Posted By: Date: Jul 25, 2010
Comment #1

wow,,,,,,,,,
a yan chit phie kaung de,,
poem ka title lay a tine pe phyu sin de

commentinfo By: ei lay at Mar 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment