အနက်ရောင်
ကြယ်အကြွေတွေမှ လိုက်ကောက်ခဲ့တာပါ
အဲဒီ့ ဆုတောင်းစကားတွေကြားမှာ မုသားဆိုတာမရှိခဲ့ဘူး
တစ်ခါပဲစားမိတဲ့ ပန်းသီး သေရာပါစေသတဲ့လား
ကံဆိုးသွားပြီထင်ပါရဲ့
ဘယ်အရာမှ အရာထင်မလာတော့ဘူး
ပြောချလိုက်ပါ
ညံ့ဖျင်းမှုတွေအပြင် သေးသိမ်မှုတွေကိုပါ
ဘယ်ကိုမှ မနာတတ်တော့ပါဘူး
ကြာလာတော့လဲ အရေထူလာတယ်
ကျေးဇူးပြူပြီး နှလုံးသားကိုတော့လာမထိပါနဲ.
အဲဒါ မာနတော့မဟုတ်ရပါဘူး
သစ္စာရှိမှုတစ်ခုလို့ပဲ သတ်မှတ်ပေးပါ
ငါချစ်ရတဲ့ ငါ့ချစ်သူ
ဒီလူဘာဖြစ်ဖြစ်လေ
နာကျင်ရပါတယ်
ကြေကွဲရပါတယ်
ငိုကြွေးရပါတယ်
ဒါပေမဲ့ ရှိုက်သံတစ်ချက်တောင် နင်မကြားစေခဲ့ရဘူး
ဆိုတာ…. ငါ့ရဲ့ ဒုတိယသစ္စာ
မေတ္တာတရားကို ခုတုံးမလုပ်ခဲ့ပါဘူး
အဖြူရောင်သက်သက်
ပြီးတော့…သန့်ရှင်းခဲ့ပါတယ်
ဘာကိုမှမလိုချင်ခဲ့လို့ ဘာကိုမှမတောင်းဆိုခဲ့တာ
ဒီလိုလူမျိုးကိုမှ
ကတိတွေ အထပ်ထပ်နဲ့
ရက်ရက်စက်စက် မသတ်ဖြတ်လိုက်ပါနဲ့
နေဝင်သွားခဲ့ပြီပဲ
ငါတို့ အလင်းရောင်အကြောင်းဆက်မဆွေးနွေးကြတော့ဘူး
ကြက်ခြေခတ်X
29.5.13 wed
1:50pm
Comment #2
ကြယ်အကြွေတွေမှ လိုက်ကောက်ခဲ့တာပါ
အဲဒီ့ ဆုတောင်းစကားတွေကြားမှာ မုသားဆိုတာမရှိခဲ့ဘူး
By: မေပျို at May 30, 2013
Comment #4
လွှတ်ကြိုက်ဗျို့ (နည်းနည်းပိုထားတာလည်းပါတယ်..မတွေ့တာကြာတော့ လွမ်းတာ )
By: အသဲကွဲမိုး at May 31, 2013
Comment #5
နေဝင်သွားခဲ့ပြီပဲ
ငါတို့ အလင်းရောင်အကြောင်းဆက်မဆွေးနွေးကြတော့ဘူး )
အရမ်းမိုက်တယ်ဗျာ …
By: chawchaw at May 31, 2013




Comment #1
ကောင်းတယ်ဗျို့