ထူးထူးဆန်းဆန်းည ခေါင်းငိုက်စိုက်ချ အိမ်အပြန်
ငါ ဖတ်ခဲ့ရတဲ့ဘာသာစကားကို ငါ နားမလည်ဘူး
ငါ ပြောခဲ့ရတဲ့စကားတွေ ရုန်းရင်းဆန်ခတ်
ငါဟာ တရားခံတစ်ယောက်အဖြစ် လက်ညှိုးထိုးခံခဲ့ရပေါ့
ငါ့သစ္စာတရားကို ဘယ်လိုဖြောင့်ချက်မျိုးနဲ့မှ သက်သေမပြချင်ခဲ့တာ မှားလား
လင်းနေတဲ့လမ်းမကြီးပေါ်မှာ ငါတစ်ယောက်တည်း အမှောင်ကျလို့
ထွန်းကားနေတဲ့မြို့ပြညထဲမှာ ငါတစ်ယောက်တည်း ဆိတ်သုဉ်းလို့
ဘာကိုမှ မကြားဘူး ဘာကိုမှ မမြင်ဘူး
ထိုင်နေကျလက်ဖက်ရည်ဆိုင်ကို ကျောခိုင်းခဲ့မိတယ်
လူမှားပြီးပစ်လိုက်တဲ့ကျည်ဆံလား
လူနာကို အလျင်စလိုပေးလိုက်တဲ့ အလွဲဓာတ်စာလား
အက်ဆစ်ဆန်တဲ့မေးခွန်းတွေ တစ်ကိုယ်လုံး လှိုက်စားသွားခဲ့တယ်
အာခေါင်ထဲ လက်ညှိုးထိုးပြီး အန်ပြရမယ်ဆိုရင်တောင်
ဘယ်တော့မှ နှုတ်မဆက်ဘူးဆိုတဲ့သံယောဇဉ်ဖြူဖြူလေးသာ
ဆံချည်မျှင်အထွေးလိုက် ထွက်ကျလာမှာပါ
အရှင်လတ်လတ် သင်္ဂြိုဟ်ခံလိုက်ရတဲ့ငါ့ဈာပန
ငါကိုယ်တိုင် ငိုပြီး ချခဲ့တယ်
ကိုသျှား
Comment #2
ကိုသျှား..ကဗျာကိုခံစားအားပေးသွားပါတယ်ဗျာ..
By: poem.poem28 at Feb 18, 2012
Comment #3
ei lay le khan sar arr pay twar par d,
By: ei lay at Feb 18, 2012
Comment #4
အားပေးလျှက်ပါ………..
By: May Kha at Feb 18, 2012
Comment #7
hin,,,ko yewintaung ka le,,,
eeeeeeeeeeee
ma yae ne,,ma yae ne,,ma yae par ne naw,,a sway tway,,
a ko doe ka a yan daw dot yae like tine heart hti lun loh,,
pyaw sa yar lay tway pe myar myar yae pay par naw,,
plz,,,
plz,,
plz.,,,
By: ei lay at Feb 18, 2012
Comment #8
အဟားးးးးးးးးးးးးးးးးးး အပြန်စား အလန်စားဘဲ
အရေးအသားကို အားပေးသွားတယ်ဗျာ
လေးစားလျှက်ပါ အရေးအသားကို ။
By: X - ray at Feb 19, 2012
Comment #9
ဘယ်တော့မှ နှုတ်မဆက်ဘူးဆိုတဲ့သံယောဇဉ်ဖြူဖြူလေးသာ
ဆံချည်မျှင်အထွေးလိုက် ထွက်ကျလာမှာပါ
By: Wai Yan at Feb 19, 2012
Comment #10
လူမှားပြီးပစ်လိုက်တဲ့ကျည်ဆံလား
လူနာကို အလျင်စလိုပေးလိုက်တဲ့ အလွဲဓာတ်စာလား
အက်ဆစ်ဆန်တဲ့မေးခွန်းတွေ တစ်ကိုယ်လုံး လှိုက်စားသွားခဲ့တယ်
အာခေါင်ထဲ လက်ညှိုးထိုးပြီး အန်ပြရမယ်ဆိုရင်တောင်
ဘယ်တော့မှ နှုတ်မဆက်ဘူးဆိုတဲ့သံယောဇဉ်ဖြူဖြူလေးသာ
ဆံချည်မျှင်အထွေးလိုက် ထွက်ကျလာမှာပါ
By: zawthetoo at Feb 29, 2012




Comment #1
အာခေါင်ထဲ လက်ညှိုးထိုးပြီး အန်ပြရမယ်ဆိုရင်တောင်
ဘယ်တော့မှ နှုတ်မဆက်ဘူးဆိုတဲ့သံယောဇဉ်ဖြူဖြူလေးသာ
ဆံချည်မျှင်အထွေးလိုက် ထွက်ကျလာမှာပါ
Nice words..I Lilke these pharase…….