Professional Authors

အနက်ရောင်

နောက်ဆုံးတော့
အရာရာကို လက်မြှောက်အရှုံးပေး
နေရာ ဟောင်းလေးပဲ ပြန်ခဲ့ပြီ

ည ဆိုရင်
သဘာဝ ထက် အရောင်ပိုများတတ်ခဲ့သူ
အနာဂတ်ကို မျှော်
လွင်ပြင်လည်း စိမ်း
ပင်လယ်လည်း စိမ်း
အရောင် ကန်းနေခဲ့ပြီ

မြေတစ်နေရာစာ ရပ်တည်ဖို့တောင်
ခက်ခဲသူ
ကိုယ် မပိုင်သူ သူစိမ်း အတွက်
ခြေချ ဖို့ တောင် ဖယ်ပေးခဲ့သေးတယ်
ဆူးလည်း နင်း
ခလုတ်လည်း တိုက်
နာကျင်ဖို့တောင် မေ့နေခဲ့တယ်

ဒီလိုဆို
ပျိုးပေးခဲ့တဲ့ အရိပ်လေးက
ဒီလူဖို့တောင် မပါခဲ့ဘူးလားကွယ်

ကျိုးနွံ နှိမ်ချ
နင် မမြင်ခဲ့တာ များတယ်
ဖန်တီး ခြယ်သ
သိလျက်နဲ့
ဖျက်ဆီးရက်တယ်

သြော် …..
လောကဓံဆိုတာ
ဖခင် အထိတောင် စိတ်ကူးယဉ်ခဲ့သူကို
ကျေးကျွန် အဖြစ် သတ်မှတ်လိုက်ခြင်း ပေါ့
နောင်လာမယ့် …..
နောင်လာမယ့် …..
နောင်လာမယ့် …..
…………………….
…………………….
…………………….
ထို ထို စိတ်ကူးတွေနဲ့ပျော်မြူး
ဘ၀ ကြီးက ဖူးပွင့်လာခဲ့ရတာပါ

အခုကျတော့
ခုနှစ်သက္ကရာဇ် ကို သစ္စာဖောက်သူ ဟာ
ရက်သတ္တပတ်အတွက် သစ္စာစောင့်သိသူ ဖြစ်လာတဲ့ နောက်
ငါ ချစ်တဲ့ ရွှေအိုရောင် အနာဂတ် တွေ ရယ်
မင်း တို့မျက်နှာ ငါ မကြည့်ချင်တော့ပြီ

ချစ်ခြင်းတရားဆိုတာ
ခေါင်းသုံးသူ အတွက် အောင်ပွဲ မဟုတ်
အတူတူဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ရိုးရိုးစင်းစင်း ကြင်နာခြင်းပဲ

ငါ မဟုတ်သူ မြင်ခဲ့မှာ
ဒဏ်ရာတွေပဲ ရှိတယ်ဆို
သွေးမျက်ရည် ကျလေလေ
ဒီ လူ ရူးလေလေ ပဲ ရှိပါစေတော့

မမြင်ခဲ့တာ
မကြည့်တတ်လို့
ကံကြမ္မာကြောင့်ပဲ ထားပါလေ
ရှိပါစေတော့ . . . . ။    ။

In: ကဗျာ Posted By: Date: Jul 19, 2013
Comment #1

နှစ်သက်ခြင်းများစွာဖြင့် ..ခံစားအားပေးလျှက်

commentinfo By: အသဲကွဲ မိုး at Jul 21, 2013
Comment #2

ဖတ်သွားပါတယ်လို့

commentinfo By: ကြက်ခြေခတ် X at Jul 22, 2013
Comment #3

တစ်ပုဒ်လုံးကိုနှစ်သက်စွာခံစားအားပေးသွားပါ၏ … 🙂

commentinfo By: loafer at Jul 23, 2013
Comment #4

မမြင်ခဲ့တာ
မကြည့်တတ်လို့
ကံကြမ္မာကြောင့်ပဲ ထားပါလေ
ရှိပါစေတော့ . . . . ။ ။

commentinfo By: နွေ at Jul 23, 2013
Comment #5

မိုက် ..

commentinfo By: nge at Jul 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment