Professional Authors

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါ့ဘ၀ထဲနင်ရောက်လာပြီး

မုန်တိုင်းတစ်ခုလို

ငါ့ရင်ကို မွှေနှောက်

ငါ့ဘ၀ကိုခြောက်ခြားစေခဲ့တာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါ့ဘ၀ထဲ ငါမခေါ်ပဲ ရောက်လာပြီးတော့

ပျော်ရွှင်ခြင်းတွေဖန်ဆင်း

ငိုကြွေးခြင်းနဲ့နှစ်သိမ့်စေခဲ့တာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါ့စိတ်အတွေးထဲတစ်ချိန်လုံး

စိတ်တိုင်းကျနေထိုင်ပြီး

ငါ့သံယောဇဉ်ကိုမှမထောက်

မသိသလိုလှည့်ထွက်သွားတာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါသဘောကျပါတယ်ဆိုတဲ့အပြုံး

တစ်ချိန်လုံးပြုံးပြခဲ့ပြီးမှ

ငါ့ကိုအဲအပြုံးတွေနဲ့ပဲ

ပြန်သတ်ခဲ့တယ်ဆိုတာ။

ငါသိတာပေါ့ နင်မှနင်ဆိုတာ…………………….။

ငါသိတာပေါ့ နင်မှနင်ဆိုတာ…………………….။

ငါသိတာပေါ့ နင်မှနင်ဆိုတာ…………………….။

 

 

In: ကဗျာ Posted By: Date: May 28, 2011
Comment #1

ငါသိတာပေါ့ နင်မှနင်ဆိုတာ….

ငါသဘောကျပါတယ်ဆိုတဲ့အပြုံး

တစ်ချိန်လုံးပြုံးပြခဲ့ပြီးမှ

ငါ့ကိုအဲအပြုံးတွေနဲ့ပဲ

ပြန်သတ်ခဲ့တယ်ဆိုတာ။

( ကျွန်တော်လည်း ကြုံခဲ့ ရဖူးတယ် )

Comment #2

အဲ့အပြုံးကိုတော့ မုန်းရက်ခဲ့မယ်မထင်ဘူးနော်..
(ခင်မင်ခွင့်ရချင်ပါတယ် ကိုလူမော်…)

commentinfo By: ငယ်လေး at May 28, 2011
Comment #3

ဟုတ်ကဲ့ပါ … ကျွန်တော့် Dashboard ရဲ့ Messenger မှာ ကြည့်လို့ရပါတယ် ။

Comment #4

ဂွတ်ရှယ်ပဲဗျာ၊၊ အားပေးသွားပါတယ်၊၊

commentinfo By: နေသွေး at May 29, 2011
Comment #5

oh…..

great.

commentinfo By: ei lay at Jul 24, 2011
Comment #6

ngar ti tar pop,,,
nin hma nin so tar,,,

commentinfo By: ei lay at Nov 5, 2011
Comment #7

like

commentinfo By: meso at Nov 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment