Professional Authors

အနက်ရောင် ရီနေးဆန့်ေ ၇းသူ -အောင်ထိုက်

သူငယ်ချင်းရေ

ငယ်ကျိုးငယ်နာတွေသာ  မပြုစားနိုင်ခဲ့ရင်

ဇာတိမြို့ဆိုတာ  သူစိမ်းသူရံဆန်နေမှာပေါ့။

တစ်ခါတုန်းက

မင်းဆံပင်ရှည်ကြီးထဲ သဲတွေကျုံးထည့်

ငါ တဟားဟားအော်ရယ်ဖူးတယ်။

ဘိုင်ယန်မြူးနစ် အောင်နိုင်ဖို့အတွက်

အကျီကို အလံလုပ်

ကလင်းစမန်ရေ လုပ်ပါ ဦးပေါ့။

ဆိုရှယ်လစ်သရုပ်ဖော်တွေ အဖတ်များခဲ့လို့လား

အပျက်မလေးနဲ့ ပင့်ကူအိမ်နှောင်ဖွဲ့

မင်းအခြစ်ကို ချစ်ခဲ့ဖူးတယ်။

အိုမာခရမ် ဝင်စားလို့

အရက်စည်တွေ ဖြုန်းတီးခဲ့ပေမဲ့

သမိုင်းကိုတော့ မဖြုန်းတီးခဲ့ပါဘူး

ဖြူတဲ့အသားက နီတဲ့သွေးကို ဖွက်ထားတယ်

မုန်းတိုင်ရဲ့အရိပ်ကို ပန်းပွင့်အပြုံးနဲ့ ဖျောက်ထားတယ်။

မင်းနဲ့ငါ

အိပ်မက်ကို တစ်ကြိုးတည်း ကျစ်ခဲ့တယ်။

ကလိယုဂ်အလွန်မှာ

အလင်းမြစ်ကြီးစီးပါစေ

တတိုင်းမွှေးပန်းများ ပွင့်ပါစေ

အုံ့ပျပျ မိုးသားလွင်ပြင်

အလွမ်းရဲ့ချွတ်နင်းသံ တိုးတိမ်

ပုံရိပ်နှမ်းတွေ အတိတ်ကြိုးငင်ရင်း

ရွက်ကြွေတေလေ ဘယ်ဆီဘယ်ဝယ်

မိုက်မဲကြီးမြတ်တဲ့ ငါ့သူငယ်ချင်းရေ

ကြယ်ခန်းဆီးကို သိမ်းမယ်

ကောင်းကင်မှာ မင်းနာမည်ကို ငါထွင်းမယ်။   

 

အောင်ထိုက်

In: ကဗျာ Posted By: Date: Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment