Professional Authors

အနက်ရောင် အမှောင် တစ်ခုရဲ့ ခံစားချက်

 

အနီရောင်လည်း အလင်းဖြစ်ခွင့်ရှိတယ်…..
အစိမ်းရောင်လည်း အလင်းဖြစ်ခွင့်ရှိတယ်…..
အပြာရောင်လည်း အလင်းဖြစ်ခွင့်ရှိတယ်……
ဘာကြောင့်အနက်ရောင်မှ အလင်းဖြစ်ခွင့်မရှိတာလဲ……..
အနက်ရောင်အမှောင်ကြောင့်
ခင်ဗျားတို့အလင်းတွေရဲ့ အရောင် ပိုပြီးပေါ်လွင်တာတောင်
ဘာကြောင့် ကျုပ်ကို ချောင်ထိုးထားတာလဲ….
ကျုပ်နှလုံးအိမ်တည့်တည့်ကို ထိုးဖောက်
ကျုပ်အရေပြားတွေနဲ့ ခင်ဗျားတို့
အလင်းတန်းကို လွှမ်းခြုံပေးတာတောင်
ဘာကြောင့် ကျုပ်ကို ချောင်ထိုးထားတာလဲ……..
ဘာကြောင့်လဲ>>>>>>>>
ဘာကြောင့်လဲ>>>>>>>>
ကျုပ်က အလင်းဖြစ်ခွင့်မရှိတဲ့ အမှောင်မို့လား………..
………………………………………………………….
In: ကဗျာ Posted By: Date: Nov 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment