Professional Authors

ငါ သိတဲ့ နင်

သစ္စာဖောက်လိုမှုအတွက် နင် အကြောင်းပြချက်တွေများစွာနဲ့ နေသားကျခဲ့ဖူးတယ်
တခါတလေဆို
ငါကပဲ ချစ်သူမပီသ သလို စွပ်စွဲမှုတွေနဲ့ပေါ့…..။

ခွဲခွာလိုမှုတစ်ခုအတွက် နင် ဥပေက္ခာတွေများစွာ ကျင့်သုံးခဲ့တယ်
အမြဲလိုလို
ငါက နင့်ကို စိတ်ပျက်စေသူ တစ်ယောက်အဖြစ်နဲ့ပေါ့….။

သွေးအေးလိုမှုတစ်ခုအတွက် နင် အနေဝေးခြင်းကို ရောင့်ရဲသွားခဲ့တယ်
ငါ့ရဲ့မဟာအမှားဟာ
နင့်အနားမှာ နေမပေးနိုင်ခြင်းလို့ ယူဆရင်းနဲ့ပေါ့….။

ပြန်မဆုံလိုမှုအတွက် နင် သတိမရခြင်းတွေနဲ့ မိတ်ဖွဲ့ထားခဲ့တယ်
စောင့်မျှော်နေတဲ့ငါ့ကို….
နင့်အတိတ်ထဲမှာသာ ထားရစ်ခဲ့ရင်းပေါ့…..။

ရက်စက်လိုမှုတိုင်းအတွက် နင် နှုတ်ဆိတ်စွာ စကားနည်းနေတတ်တယ်
အနေနီးစပ်မှုဟာ
နင့်သရုပ်မှန်ကို ပေါ်လွင်စေပါတယ်လို့ ၀န်ခံရင်းနဲ့ပေါ့…..။

ကေသရီ

In: ကဗျာ Posted By: Date: May 21, 2013
Comment #1

အားပေးသွားတယ် မမ
အရေးကျဲနေတယ်နော်

commentinfo By: မေပျို at May 21, 2013
Comment #2

မမ ကျနော် အားပေးသွားတယ်နော်

commentinfo By: thiha at May 22, 2013
Comment #3

ကဗျာကမိုက်တယ်နော်အမ

commentinfo By: paye phyo at May 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment