Professional Authors

မသိခဲ့

အရိပ်တွေ မပြယ်ခင်
ရနံတွေက ရင်ဘတ်ကို တွန်းဖွင့်ထားခဲ့..
ပင့်သက်တွေ ကြား
ရင်ခုန်သံက အခိုက်အတန့်လေးနဲ့
တိတ်ဆိတ် ခြေသံက
ရို့ရို့လေး ဖြတ်သွားလို့ပါ..
အတွေးတွေ ပြောင်းပြန်လည်သွားခဲ့တယ်..
အရောင်တွေပြောင်းသွားတဲ့ မင်းမျက်ဝန်းက
ဘာမှန်းမသိအောင်
ရင်ဘတ်ကို တိုးတိုးလေး တွန်းခေါက်သွားခဲ့
အဲဒီနေ့ပေါ့
မေးခွန်းတွေ ထပ်တလဲလဲ မေးနေမိတယ်
ဘယ်သူမှန်းမသိတဲ့ မင်းအတွက်
ငါနှလုံးသားလဲ ဘာမှန်းမသိခဲ့….

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

ti aung loak lay,,
never give up

commentinfo By: ei lay at Feb 27, 2012
Comment #2

အယ်..ဟုတ်!!

commentinfo By: hanthuaung at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment