Professional Authors
လွမ်းတယ် ချစ်သူ
ယုံကြည်မှု့  ပန်းချီကားတစ်ချပ် သံသယတွေနဲ့ အရောင်ပြယ်လွင့် သွားခဲ့ တယ်
နာကျင်စရာတွေနေရာယူထားတဲ့ ရင်ခွင်တစ်စုံရဲ့ ငိုရှိုက်သံတို့  နင်ကြားနိုင်ပါစေချစ်သူ
သတိတရလွမ်းတဲ့ စိတ်တွေကပဲ့ တင်ထပ်နေတယ်
အေးခဲသွားတဲ့ သံယောဇဉ် အပိုင်းအစတွေကို
ကောက်ယူဆက်နိုင်ဖို့ ကြိုးစားရင်း ငါ့ ရင်ခွင်ကတစ်စစီကြွေလွင့် သွားခဲ့ ရပြီချစ်သူ
နာကျင်စရာအမှတ်တရဆိုတာ မေ့ ပစ်လိုက်တာအကောင်းဆုံးဆို ပေမဲ့ 
မေ့ ပစ်ဖို့ ကြိုးစားနေတာကိုက မေ့ လို့ မရလို့ ပါချစ်သူ
သတိမရခြင်တော့ ဘူးဆို တာကိုက သတိရနေလို့ ပါချစ်သူ
မလွမ်းခြင်တော့ ဘူးဆို တာကိုက လွမ်းနေရလို့ ပါချစ်သူ
ညက နက်ရှိုင်းညင်သာစွာတိတ်ဆိတ်နေခဲ့ လဲ
သက်မမောတို့ အကြိမ်သက်ဆင်း ငိုရှိုက်ခြင်းတွေနဲ့ မတိတ်ဆိတ်နိုင်ခဲ့ ဘူးချစ်သူ
လွမ်းလိုက်တာချစ်သူရာ အရမ်းလွမ်းလိုက်တာ
In: ကဗျာ Posted By: Date: Aug 10, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment