Professional Authors

Sad Birthday!!!!!!!!!!!!!!

Sad Birthday…ဆိုတဲ့အရာ
ငါ့အတွက်လက်ဆောင်သူပေးခဲ့တာ
တန်ဖိုးထားရမှာပေါ့နော်…
ဥပေက္ခာတွေကိုသယ်ဆောင်သွားပါတယ်..
သိက္ခာတွေမာနတွေကိုတော့
မင်းချေရင်းမှာငါထားခဲ့တယ်…
မျှော်လင့်ခြင်းတွေတစ်ပွေ့တစ်ပိုက်နဲ့
ငါ့ဘ၀ထဲကိုနင်ဝင်လာခဲ့တယ်…
ဒီမျှော်လင့်ခြင်းတွေ..
နင်ကိုယ်တိုင်ရိုက်ချိုးခဲ့တယ်….
စိတ်နာရမလား…စိတ်ဆိုးရမလား…
ဘာဆိုဘာမှငါမသိဘူး….
ငါ့အတွေး.ငါ့အသိဥာဏ်တွေ….
ငါ့အိပ်မက်တွေ….ငါ့စိတ်ကူးတွေ…
ခုတော့ရွာသာကြီးကဆေးရုံထဲမှာ….
ကွန်ပြူတာကီးဘုတ်ပေါ်က
ရေတွေ..ဘယ်ကလာတာလဲ
အော်…ငါ့နှလုံးသားကနေကျဆင်းလာတဲ့
ဝမ်းနဲခြင်းအရာတွေပါလား…..
အရာရာကိုအရှုံးပေးချစ်ခဲ့သမျှက
မင်းအတွက်ဟာသတစ်ပုဒ်..
ဒါမှမဟုတ်….အောင်နိုင်ခြင်းသင်္ကေတတစ်ခု…
ယူပါ…ငါ့အချစ်တွေ……
ငါ့သစ္စာတွေ….ငါ့မေတ္တာတွေ…..
နင်ကြိုက်သလိုယူသွားပြီးရင်….
မာယာမပါတဲ့အပြုံးတစ်ချက်ပဲ
လက်ဆောင်ပေးခဲ့ပါ…………

In: ကဗျာ Posted By: Date: Jan 22, 2011
Comment #1

ဖြူရေ…ယူ့ရဲ့ကဗျာလေးကတို့ရဲ့ခံစားချက်နဲ့အရမ်းကိုက်ညီနေတယ်……တို့လဲကဗျာလေးထဲကလိုပဲခံစားဖူးတယ်…..ကဗျာလေးကိုအရမ်းကြိုက်တယ်…….အားပေးနေမယ်နော်

commentinfo By: ကြယ်စင်နတ်သမီး at May 7, 2011
Comment #2

har,,,
kwat ti be.,,,
kyike e.
han saung lane nay tar tway kuauk lun loh.

commentinfo By: ei lay at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment