Professional Authors

ထာဝရသစ္စာ

ကော်ဖီသောက်ရင်း ရှင့်မျက်နှာလေးပေါ်လာတယ် မောင်ရယ်

ဘာလုပ်ရမယ်မှန်းမသိလို့  အပျော်လွန်ပြီး မျိုချလိုက်မိတယ်

ကျွန်မဗိုက်ထဲမှာလေ ရှင့်ကိုယ်ပွားလေးရောက်နေတယ် မောင်ရယ်…။

ပြန်လာခဲ့နော် မောင်

မယ်မျှော်နေစဉ်

နေမ၀င်ခင်အချိန်လေးတွင်

ခြံဝင်းထဲက အတူထိုင်ဖူးတဲ့ခုံတန်းလေးတွင်

မယ်မငိုခင် ပြန်လာစေချင်တယ်…။

မောင်လိုပဲအရမ်းဆိုးတဲ့ မောင့်ကိုယ်ပွားလေး

ကျွန်မဗိုက်ကိုခြေစုံကန်လို့  လူလောကထဲ  ခုန်ဝင်လာတုန်းလေ

မောင့်လက်ကိုကိုင်ပြီး…

မျက်နှာချင်းအပ်ပြီး…

ရင်သွေးလေးကိုချီပြီး…

မိသားစုဓာတ်ပုံလေး  ဧည့်ခန်းထဲမှာချိတ်ထားချင်တယ် မောင်ရယ်….။

မောင်ရယ်  ရင်သွေးလေးရယ်  ကျွန်မရယ် အားလုံးကိုခြားနားစေတဲ့

တမလွန်ကိုလေ  ကျွန်မမုန်းတယ်…။

မောင်ကိုယ်ပွားလေးလက်ကိုဆွဲလို့ 

မောင့်ရှေ့ ရောက်တိုင်း

နှလုံးသွင်းပေးလေ့ရှိတယ်

ဒါသားရဲ့ ဖေဖေလေ…။

နှစ်ပတ်လည်နေ့ ရောက်တိုင်း

မယ်အခုထိမမေ့သေးပါဘူး မောင်ရေ…

သစ္စာပန်းတွေ ဘုရားလှူ ကုသိုလ်ပြုပေးတယ်

မောင်နဲ့ ကျွန်မနဲ့  ဘ၀တစ်ခုမှာပြန်ဆုံပါရစေ…။

                                                           

In: ကဗျာ Posted By: Date: Mar 5, 2013
Comment #1

အားပေးသွားပါတယ်….fri

commentinfo By: bone lay htet lwint at Mar 6, 2013
Comment #2

thz my fri

commentinfo By: loafer at Mar 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment