Professional Authors

ရွှေငါးလေးနဲ့ဝေးဝေးကနေ့စွဲတွေ ၂

ရွှေငါးလေးနဲ့အတူ ဘုရားသွားချင်တယ်
ရွှေငါးလေးနဲ့အတူ ကျောင်းတက်ချင်တယ်
ရွှေငါးလေးနဲ့အတူ ငှက်တွေကို အစာကျွေးချင်တယ်
ရွှေငါးလေးနဲ့အတူ ဒုက္ခတရားကို ရိတ်သိမ်းချင်တယ်
ရွှေငါးလေးနဲ့အတူ နှလုံးသားချင်း ကိုင်းကူးပွင့်ချင်တယ်
အဲဒီလို နှစ်ကိုယ့်တစ်စိတ်ကမ္ဘာမြေမှာ
ရွှေငါးလေးဟာ ကျွန်တော့်ရင်ပေါ် ကြွေမကျတော့ဘူး

ပေါရာဏစကားလုံးတွေနဲ့ ကွန်ယက်ဖွဲ့ထားတဲ့ပင်လယ်ပြင်ကြီးထဲမှာ
ရွှေငါးလေးတစ်ယောက် သူ့အသက်သူ ပြန်လုနေရမှာပါ
လှပတဲ့နာမ၀ိသေသနတွေ နောက်ကျိရှုပ်ထွေးနေတဲ့ဆားငန်ရေတွေထဲမှာ
ရွှေငါးလေးလည်း လူကြီးလူကောင်းဆန်ဆန် ညှီစော်နံတတ်နေပြီလား
အထူးပြုလုပ်ချက်စကားလုံးတွေမပါဘဲ ရွှေငါးလေးကို လွမ်းတယ်

ငါ့စိတ်ဟာ မင်းနားမလည်နိုင်တဲ့ဘာသာစကားတစ်ခု မဟုတ်ခဲ့ပါဘူး
ငါ့မူပိုင်ဘာသာဗေဒရဲ့ရေးထုံးရေးဟန်တွေကိုလည်း
မင်းကလွဲရင် ဘယ်သူတွေများ ဘာသာပြန်တတ်ခဲ့လို့လဲ
ရွှေငါးလေးရယ် . . .
ငါ့ဆီပြန်လာမယ်ပြောတဲ့ကိုယ်ချင်းစာတရားကို ငတ်တယ်

လောကဓံတရားက တကယ်ကို ပါးပါးလွှာလွှာလေး
ရွာကျခဲ့တာပါ
ဒါပေမယ့် ကျွန်တော့်ရဲ့ချစ်ခြင်းက
သူ့ဘ၀ကို မိုးမလုံစေခဲ့ဘူး
အခုချိန်ဆို ရွှေငါးလေးတစ်ယောက်
ကျွန်တော့်ရင်ခွင်ထဲ
ဝမ်းနည်းကြေကွဲစွာ ကူးခတ်ခဲ့ရတဲ့နေ့စွဲတွေအကြောင်း
တွေးပြီး နာကျည်းနေမှာလား
သူ့ကို ရှင်းပြခွင့်မရခဲ့တဲ့ကျွန်တော်စေတနာတွေ စကားအတယ်

ပြန်လာခဲ့ပါ . . . ဘာပဲဖြစ်ဖြစ် ပြန်လာခဲ့ပါ
ပင်လယ်ပြင်ကြီးထဲမှာ ရုန်းကန်တိုက်ခိုက်ရင်း
မင်းရှုံးနိမ့်နာကျင်လာတဲ့အခါ
မင်းအမှောင်ကို ငါ့လက်နဲ့သွေးတိတ်စေဖို့
ငါ ရပ်စောင့်နေမိတယ်
ငါ မင်းကို ရပ်စောင့်နေဆဲပါရွှေငါးလေးရယ်

                                                 ကိုသျှား

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

ပြန်လာခဲ့ပါ . . . ဘာပဲဖြစ်ဖြစ် ပြန်လာခဲ့ပါ
ပင်လယ်ပြင်ကြီးထဲမှာ ရုန်းကန်တိုက်ခိုက်ရင်း
မင်းရှုံးနိမ့်နာကျင်လာတဲ့အခါ
မင်းအမှောင်ကို ငါ့လက်နဲ့သွေးတိတ်စေဖို့
ငါ ရပ်စောင့်နေမိတယ်
ငါ မင်းကို ရပ်စောင့်နေဆဲပါရွှေငါးလေးရယ်
ကိုသျှား…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 13, 2011
Comment #2

lucky Fish?

commentinfo By: sanday talk at Dec 13, 2011
Comment #3

ကိုသျှား ကဗျာဖတ်ရင်းဖတ်ရင်း… မမရွှေငါးကိုတောင် သတိရလာပြီဗျာ
သိမလားတော့မသိဘူး ဒီဆိုဒ်မှာလည်း ရွှေငါးဆိုတဲ့မမ ရှိတယ်ဗျ

commentinfo By: အသဲကွဲမိုး at Dec 14, 2011
Comment #4

ရာနှုန်းပြည့်ကို မိုက်တယ်……

ရွှေငါးလေးရယ် . . .
ငါ့ဆီပြန်လာမယ်ပြောတဲ့ကိုယ်ချင်းစာတရားကို ငတ်တယ်

commentinfo By: terry at Dec 15, 2011
Comment #5

so touching to my heart deeply

commentinfo By: ei lay at Jun 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment