Professional Authors

ထာဝရ……ရင်သွေး

ဒီနေ့  ခေါက်ရိုးကျိုး မနက်တစ်ခု ဖြစ်လိမ့်မယ်
ဆယ်စုနှစ် နှစ်ခုကျော်………က

အပိုဝန်လွယ်…ဒုက္ခခံ…ပျော်ရွှင်ပြုံးနဲ့ 
ကျွန်တော့်မေမေ ပင်ပန်းနေခဲ့ဖူးတယ်

ယောက်ကျားဖေါင်စီး….ကျွန်တော့်မေမေမီးနေတုန်း
စကားများတဲ့..ကောင်လေးတစ်ယောက်..လောကကြီင်္းထဲရောက်လာတော့မယ်မေမေ

သဘာဝတေးသံလေးတွေ…ဆူညံနေတဲ့…အမျိုးသမီးဆေးရုံကြီးရဲ့တစ်နေရာ
ကျွန်တော့်ငိုသံက….သူမခွန်အားတွေတဲ့…မေမေပြောဖူးခဲ့တယ်

ကျေးဇူးပါမေမေ….ကျွန်တော့်ရှင်သန်ခွင့်တွေအတွက်
ကျေးဇူးပါမေမေ…ကျွန်တော်ကြီးပျင်းခွင့်တွေအတွက်

ရင်ဘတ်ထဲ..တွေးပွေ့ ထားတိုင်း..ရင်သွေးမဟုတ်ပေမယ့်
အဝေးရောက်သားက..မေမေ့ထာဝရ..ရင်သွေးတစ်ယောက်ဆိုတာ..သေချာပါတယ်.
မေမေ..စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ…။

In: ကဗျာ Posted By: Date: Jul 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment