Professional Authors

သူ့အတွက် ငါ့ရဲ့ ရာစုနှစ်

အိပ်မက် ထဲကို လာခဲ့ပါ
ငါ့ ကဗျာတွေ ရွတ်ပြချင်တယ်
အိပ်မက် ထဲကို လာခဲ့ပါ
ငါ့ သီချင်းတွေ ဆိုပြချင်တယ်
အိပ်မက် ထဲကို လာခဲ့ပါ
ငါ့ ပန်းချီ တွေ ဆွဲပြချင်တယ်
ငါဟာ အချိန်တွေ ကို နင့်လက်တစ်စုံ ကိုဆုပ်ကိုင်လို့
့ဖြတ်သန်းချင်ခဲ့တယ် ( လွန်တယ် မထင်ပါနဲ့ )
ငါဟာ အထီးကျန်ညတွေကို နင်ဘေးမှာ ရှိခြင်းနဲ့ အတူ
ဖြတ်သန်းချင်ခဲ့တယ် ( ပိုတယ် မထင်ပါနဲ့ )
အရာရာကို နင်ညွှန်မှ လှမ်းနိုင်အောင်
ငါ့ ရဲ့ အလင်းရောင်ဟာ နင်ဖြစ်တယ်
ငါ့ ရဲ့ ပြဌာန်းချက် ဟာ နင် ဖြစ်ပြီးတဲ့နောက်
အဆုံးတစ်နေ့မှာ မျက်လုံးတွေသာ အသက်ရှိခဲ့မယ်ဆို
တစ်စုံတည်းသော မျက်လုံးတွေ ကို
နင့်စိတ် နဲ့ မှိတ်ထားချင်တယ် ။ ။

In: ကဗျာ Posted By: Date: May 12, 2010  
Comment #1

“အဆုံးတစ်နေ့မှာ မျက်လုံးတွေသာ အသက်ရှိခဲ့မယ်ဆို
တစ်စုံတည်းသော မျက်လုံးတွေ ကို
နင့်စိတ် နဲ့ မှိတ်ထားချင်တယ်”
u’ve killed me with those words that im always trying to run away… nice job poet…

commentinfo By: NMT at May 12, 2010
Comment #2

ငါ့ ရဲ့ အလင်းရောင်ဟာ နင်ဖြစ်တယ်
ငါ့ ရဲ့ ပြဌာန်းချက် ဟာ နင် ဖြစ်ပြီးတဲ့နောက်
အဆုံးတစ်နေ့မှာ မျက်လုံးတွေသာ အသက်ရှိခဲ့မယ်ဆို
တစ်စုံတည်းသော မျက်လုံးတွေ ကို
နင့်စိတ် နဲ့ မှိတ်ထားချင်တယ် ။ ။

commentinfo By: အသဲကွဲမိုး at Jan 27, 2011
Comment #3

ငါဟာ အချိန်တွေ ကို နင့်လက်တစ်စုံ ကိုဆုပ်ကိုင်လို့
့ဖြတ်သန်းချင်ခဲ့တယ် ( လွန်တယ် မထင်ပါနဲ့ )
ငါဟာ အထီးကျန်ညတွေကို နင်ဘေးမှာ ရှိခြင်းနဲ့ အတူ
ဖြတ်သန်းချင်ခဲ့တယ် ( ပိုတယ် မထင်ပါနဲ့ )
အရာရာကို နင်ညွှန်မှ လှမ်းနိုင်အောင်
ငါ့ ရဲ့ အလင်းရောင်ဟာ နင်ဖြစ်တယ်

commentinfo By: angel at Mar 8, 2011
Comment #4

hin……….
only in dream?
if it is true,how perfect?

commentinfo By: ei lay at Dec 15, 2011
Comment #5

read again par

commentinfo By: ei lay at May 7, 2012
Comment #6

😉
😉

commentinfo By: ei lay at Dec 16, 2012
Comment #7

ငါဟာ အချိန်တွေ ကို နင့်လက်တစ်စုံ ကိုဆုပ်ကိုင်လို့
့ဖြတ်သန်းချင်ခဲ့တယ် ……
ငါ့ ရဲ့ ပြဌာန်းချက် ဟာ နင် ဖြစ်ပြီးတဲ့နောက်

အဆုံးတစ်နေ့မှာ …..
တစ်စုံတည်းသော မျက်လုံးတွေ ကို
နင့်စိတ် နဲ့ မှိတ်ထားချင်တယ်…….

သေ သေ သပ်သပ် လေး ရေးလိုက် နိုင်ပါတယ်…ဖတ်ခွင့်..ကျေးဇူး ပါ။

commentinfo By: သျှင် ငြိမ်း ချမ်း at Feb 7, 2014
Comment #8

အဆုံးတစ်နေ့မှာ မျက်လုံးတွေသာ အသက်ရှိခဲ့မယ်ဆို
တစ်စုံတည်းသော မျက်လုံးတွေ ကို
နင့်စိတ် နဲ့ မှိတ်ထားချင်တယ်

သိပ်ကောင်းပါတယ်ဗျာ ရင်ကိုထိတယ်

commentinfo By: Demon at Feb 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment